ဆာလံ 119:10Common Language Bibleကွန်တော်မျိုးသည်စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်၏ အစေကိုခံနိုင်ရန်ကြိုးစားပါမည်။ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ ပညတ်တော်တို့မှသွေဖည်၍မသွားပါစေနှင့်။ အခန်းကိုကြည့်ပါ။ |
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
ကျွန်ဖြစ်သူတို့၊ သင်တို့ကိုပိုင်သောသခင်များ ၏စကားကိုအရာရာတွင်နားထောင်ကြလော့။ သင်တို့သည်မျက်နှာရရန်သူတို့၏ရှေ့မှောက် ၌သာလျှင်သူတို့၏စကားကိုနားထောင်သည် မဟုတ်၊ သခင်ဘုရားကိုကြောက်ရွံ့ရိုသေ သောအားဖြင့် သူတို့၏စကားကိုရိုးဖြောင့် သောစိတ်နှင့်နားထောင်ကြလော့။-
ဣသရေလအမျိုးသားတို့အားရှမွေလ က``သင်တို့သည်ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လည်လာရောက် လိုပါက လူမျိုးခြားတို့၏ဘုရားများကို လည်းကောင်း၊ အာရှတရက်ဘုရားမ၏ရုပ်တု များကိုလည်းကောင်းစွန့်ပစ်ရကြမည်။ သင်တို့ ၏ကိုယ်ကိုလုံးဝဆက်ကပ်၍ထာဝရဘုရား ကိုသာရှိခိုးဝတ်ပြုကြလျှင် ကိုယ်တော်သည် သင်တို့အားဖိလိတ္တိအမျိုးသားတို့လက်မှ ကယ်တော်မူလိမ့်မည်'' ဟုဆို၏။-