Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 118:26

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​၏​အ​ခွင့်​နှင့်​ကြွ​လာ​သော​သူ​အား ဘု​ရား​သ​ခင်​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​မှ​နေ​၍ ကိုယ်​တော်​ကို​ကောင်း​ချီး​ပေး​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး ပါ​၏'' ဟူ​၍ အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​က​သူ​တို့​အား ပြော​ဆို​ကြ​လိမ့်​မည်​မ​ဟုတ်။

ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​တောင်​တော်​ပေါ်​မှ သင်​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

တောင်​များ​သ​ဖွယ်​ကြီး​မား​သည့်​အ​ခက် အ​ခဲ​တို့​သည်​သင်​၏​ရှေ့​မှ​ကွယ်​ပျောက်​သွား လိမ့်​မည်။ သင်​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည် တည်​ဆောက်​ရ​လိမ့်​မည်။ တိုက်​ထောင့်​အ​ထွတ် ကျောက်​ကို​အ​ပြီး​သတ်​တပ်​ဆင်​လိုက်​သော အ​ခါ ပြည်​သူ​တို့​က`တင့်​တယ်​လှ​ပါ​ပေ​သည်၊ တင့်​တယ်​လှ​ပါ​ပေ​သည်' ဟု​ကြွေး​ကြော် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။''

ကိုယ်​တော်​၏​ရှေ့​နောက်​လိုက်​ပါ​လာ​ကြ​သူ​လူ အ​ပေါင်း​တို့​က ``ဒါ​ဝိဒ်​၏​သား​တော်​အား​ဂုဏ် တော်​ကို​ချီး​ကူး​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​တော်​နှင့်​ကြွ​လာ​သော​အ​ရှင်​သည်​မင်္ဂလာ ရှိ​စေ​သ​တည်း။ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ ကုန်​၏။

`ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ဖြင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​မည့်​နေ့​မ​တိုင်​မီ​သင်​သည်​ယ​ခု မှ​စ​၍​ငါ့​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​သင့် အား​ငါ​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​သည်။

သို့​ဖြစ်​၍​သင်​၏​ဗိ​မာန်​တော်​ကို​ဘု​ရား​သ​ခင် စွန့်​တော်​မူ​လိမ့်​မည်။ သင့်​အား​ငါ​ဆို​သည်​ကား `ဘု​ရား​သ​ခင်​၏​နာ​မ​တော်​နှင့်​ကြွ​လာ​တော် မူ​သော​အ​ရှင်​သည်​မင်္ဂ​လာ​ရှိ​စေ​သ​တည်း' ဟု သင်​မြွက်​ဆို​ရာ​နေ့​မ​တိုင်​မီ​သင်​သည်​ငါ့​ကို မြင်​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့် ကြွ​လာ​သော​ဘု​ရင်​သည်​မင်္ဂလာ​ရှိ​တော်​မူ​စေ သ​တည်း။ ကောင်း​ကင်​ဘုံ​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း။ ဘုရား​သခင်​သည်​ဘုန်း​ကြီး​တော်​မူ စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​၏။

စွန်​ပ​လွံ​ခက်​များ​ကို​ကိုင်​ဆောင်​ကာ​ထွက်​သွား ပြီး​လျှင် ``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့်​ကြွ လာ​သော​အရှင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ဣ​သ​ရေ​လ​ဘု​ရင်​သည်​မင်္ဂ​လာ​ရှိ​တော်​မူ​စေ သ​တည်း'' ဟု​ကြွေး​ကြော်​လျက်​ကိုယ်​တော်​အား ကြို​ဆို​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ