ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာ ဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
သင်သည်ငါ့အမိန့်တော်ကိုမနာခံဘဲ ဥရိယ၏ဇနီးကိုသိမ်းယူသောကြောင့် သင်၏ဆွေစဉ်မျိုးဆက်တိုင်း၌သေခြင်း ဆိုးဖြင့်သေရသူများရှိလိမ့်မည်။-
အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
အကျွန်ုပ်သည်တောင်များ၏အောက်ခြေသို့ တိုင်အောင်လည်းကောင်း၊ ပြန်လမ်းမရှိသည့်မရဏာနိုင်ငံသို့ လည်းကောင်း နစ်မြုပ်သွားပါသည်။ သို့ဖြစ်လျက်ပင်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏အသက်ကို နက်ရာမှ ကယ်ဆယ်တော်မူခဲ့ပါ၏။
သို့ရာတွင်ငါတို့အားဤသို့ထာဝရဘုရား သခင်စီရင်တော်မူခြင်းမှာ ငါတို့အားလောကီ သားတို့နှင့်အတူအပြစ်ဒဏ်မခံရစေရန် ဆုံးမတော်မူခြင်းဖြစ်သည်။
လူသိနည်းသူများပင်ဖြစ်သော်လည်းကျော် စောထင်ရှားကြ၏။ သူသေများကဲ့သို့ဖြစ် သော်လည်းအသက်ရှင်လျက်ရှိကြ၏။ အပြစ် ဒဏ်ပေးခြင်းခံရသော်လည်းအသတ်မခံ ရကြ။-