ဆာလံ 116:9Common Language Bibleသို့ဖြစ်၍ငါသည်အသက်ရှင်သူ လူသားတို့၏ဘောင်တွင် ဘုရားသခင်၏မျက်မှောက်တော်၌ သက်ရှင်လှုပ်ရှားလျက်နေရ၏။ အခန်းကိုကြည့်ပါ။ |
သင်သည်ထာဝရဘုရားကိုနာခံလျှင် ကိုယ် တော်သည်ငါ့အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူလိမ့်မည်။ ကိုယ်တော် က`သင်၏သားမြေးတို့သည်ငါ၏အမိန့် တော်တို့ကိုကိုယ်စွမ်းစိတ်စွမ်းရှိသမျှနှင့် တစ်သဝေမတိမ်းလိုက်နာရန်သတိပြု သမျှကာလပတ်လုံး ငါသည်သူတို့အား ဣသရေလပြည်ကိုအုပ်စိုးစေတော်မူ မည်'' ဟုမိန့်တော်မူခဲ့၏။
`အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏ခမည်း တော်ဒါဝိဒ်အားသင်၏သားမြေးတို့သည် သင့် ကဲ့သို့ငါ့စကားကိုဂရုပြု၍နားထောင်ကြ လျှင် ဣသရေလပြည်တွင်အဘယ်အခါမျှ သင်၏အမျိုးမင်းရိုးပြတ်ရလိမ့်မည်မဟုတ်' ဟုမိန့်တော်မူခဲ့သည့်ကတိတော်အတိုင်း ယခုပြုတော်မူပါ။-