Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 116:5

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​က​ရု​ဏာ​တော်​ရှင် ဖြစ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဖြောင့်​မတ်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ပါ​၏။ ဤ​အ​ပြစ်​ကြောင့်​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက် နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ'' ဟု​တောင်း လျှောက်​လေ​၏။

သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။

သို့​ရာ​တွင်​လည်း​က​ရု​ဏာ​တော် ကြီး​မား​တော်​မူ​သည်​နှင့်​အ​ညီ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။ ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ​ပါ။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​နှင့်​ပြည့်​စုံ​ကြွယ်​ဝ​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​သည်​တ​ကား။

အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အ​ပြစ်​ဒဏ် ပေး​တော်​မူ​သည်​မှာ​တ​ရား​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ကူး​လွန်​ခဲ့​ကြ​သော် လည်း ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​ပါ​၏။

ကိုယ်​တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ကြောင်း တွေ့​မြင်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​ပါ​၏။ သူ​၏​သား​မြေး​များ​နေ​ထိုင်​ရန်​အ​တွက်​သူ့​အား ခါ​နာန်​ပြည်၊​ဟိတ္ထိ​ပြည်၊အာ​မော​ရိ​ပြည်၊ ဖေ​ရ​ဇိ​ပြည်၊ယေ​ဗု​သိ​ပြည်​နှင့်​ဂိ​ရ​ဂါ​ရှိ ပြည်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ပါ​၏။ သစ္စာ​တော်​ရှင်​ဖြစ်​သည်​နှင့်​အ​ညီ​ကိုယ်​တော်​သည် က​တိ​တော်​တို့​ကို​တည်​စေ​တော်​မူ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​ခင်​ကြင်​နာ​တော်​မူ​၍ စိတ်​ရှည်​သည်း​ခံ​တော်​မူ​လျက် ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ပြည့်​ဝ​တော်​မူ​၏။

သ​နား​ကြင်​နာ​တတ်​၍​က​ရု​ဏာ​နှင့်​ပြည့်​ဝ လျက် တ​ရား​မျှ​တ​သော​သူ​တော်​ကောင်း​တို့​အ​တွက် အ​မှောင်​ထဲ​၌​အ​လင်း​ရောင်​ပေါ်​ထွန်း​တတ်​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် သစ္စာ​တော်​ကြောင့်​ကိုယ်​တော်​တစ်​ပါး​တည်း ၌​သာ​လျှင် ဘုန်း​အ​သ​ရေ​ရှိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၌​ဘုန်း​အ​သ​ရေ​မ​ရှိ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​တ​ရား​မှ​တ​တော်​မူ​ပါ​၏။ ပ​ညတ်​တော်​တို့​သည်​လည်း​တ​ရား​မှ​တ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​ပြု​လေ​သ​မျှ​သော အ​မှု​တို့​တွင်​ဖြောင့်​မတ်​ခြင်း​နှင့်​က​ရု​ဏာ တော်​ကို ဖော်ပြ​တော်​မူ​၏။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ချစ်​ခင်​ကြင်​နာ​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပါ​၏။ အ​စဉ်​သ​နား​လျက်​သစ္စာ​ရှိ​တော်​မူ​ပါ​၏။

ကိုယ်​တော်​ရှင်​၌​ကျွန်​တော်​မျိုး​တို့​အ​ပေါ် ကောင်း​မြတ်​သော​သ​ဘော၊အ​ပြစ်​လွှတ်​တတ်​သော သ​ဘော​ရှိ​တော်​မူ​ပါ​၏။ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ အ​ပေါင်း​တို့ အ​ပေါ်​ထား​တော်​မူ​သည့်​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​ကြွယ်​ဝ​ပါ​၏။

လာ​ရောက်​၍​သင်​တို့​၏​အ​မှု​ကို​ရုံး​တော်​သို့ တင်​ကြ​လော့။ တ​ရား​ခံ​တို့​သည်​အ​ချင်း​ချင်း​တစ်​ဦး​နှင့် တစ်​ဦး တိုင်​ပင်​နှီး​နှော​ရကြ​၏။ ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ​ကို​အ​ဘယ်​သူ​သည် ကြို​တင်​ဖော်​ပြ​ပါ​သ​နည်း။ ရှေး​မ​ဆွ​က​ပင်​လျှင်​ကြို​တင်​ဟော​ကြား​ခဲ့ ပါ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ကယ်​တင်​သည့်​ဘု​ရား မ​ဟုတ်​ပါ​လော။ ငါ​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​ဘု​ရား​မျှ မ​ရှိ။

အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​အ​မှု​ကို အ​ထံ​တော်​တွင်​လျှောက်​လဲ​ရ​သော် ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြောင့်​မတ်​သော​အ​ရှင် ဖြစ်​ပါ​သည်။ သို့​ရာ​တွင်​တ​ရား​မျှ​တ​မှု​ရှိ​မ​ရှိ​နှင့်​ပတ် သက်​၍ ကျွန်​တော်​မျိုး​လျှောက်​ထား​လို​ပါ​၏။ အ​ဘယ်​ကြောင့်​သူ​ယုတ်​မာ​တို့​သည် ချမ်း​သာ​ကြွယ်​ဝ​ကြ​ပါ​သ​နည်း။ မ​ရိုး​မ​ဖြောင့်​သူ​တို့​သည်​အ​ဘယ်​ကြောင့် အေး​ချမ်း​စွာ​နေ​ရ​ပါ​သ​နည်း။

အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား​ဒဏ်​ပေး​ရန် အ​သင့်​ရှိ​သည်​အ​တိုင်း​ဒဏ်​ပေး​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ်​ဖြောင့်​မှန် ရာ​ကို​ပြု​တော်​မူ​တတ်​သော်​လည်း အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​မ ထောင်​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။

အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ခါ​ခပ် သိမ်း​ဖြောင့်​မှန်​ရာ​ကို​ပြု​တော်​မူ​ပါ​၏။ သို့ ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။ ယု​ဒ​ပြည် ၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း ကောင်း နေ​ထိုင်​သူ​များ​နှင့်​ကိုယ်​တော်​အား သစ္စာ​ဖောက်​သ​ဖြင့် ရပ်​နီး​ရပ်​ဝေး​တိုင်း​ပြည် များ​သို့​နှင်​ထုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လည်း​ကောင်း ဤ​နည်း​အ​တိုင်း​ပင်​မိ​မိ​တို့ ကိုယ်​ကို​အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။-

အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​ကြ သော်​လည်း ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် က​ရု​ဏာ​ထား​တော်​မူ​၍​အ​ကျွန်ုပ် တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ​၏။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော်​သည် အ​လွန်​ကြွယ်​ဝ​၍ မေတ္တာ​တော်​သည်​အ​လွန် ကြီး​မား​လှ​သ​ဖြင့်​ကိုယ်​တော်​သည်၊-

ငါ​တို့​သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကြွယ်​ဝ​သော ကျေး​ဇူး​တော်​ကို​ငါ့​အ​ပေါ်​သို့​သွန်း​လောင်း တော်​မူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ငါ​တို့​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​ကို​ငါ့​အား ပေး​တော်​မူ​၏။-

သို့​ရာ​တွင်​အ​ပြစ်​ဝန်​ချ​ကြ​လျှင်​ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​၍​တ​ရား​မျှ​တ တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ငါ​တို့ ၏​အြုပစ်​များ​ကို​ဖြေ​လွှတ်​၍​ငါ​တို့​အား ဒု​စ​ရိုက်​အ​ညစ်​အ​ကြေး​အ​ပေါင်း​တို့​နှင့် ကင်း​စင်​စေ​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ