ငါလျှောက်ထားသည့်အခါတိုင်းကိုယ်တော် နားထောင်တော်မူ၏။
ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဌာနပြုလိမ့်မည် လော။
ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်ငါအော်ဟစ်သည်ကို ကိုယ်တော်ကြားတော်မူပြီ။
ကျွန်တော်မျိုး၏လျှောက်ထားချက်ကို နားထောင်တော်မူပါ။ ယခုပင်ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွှန်တော်မျိုးအားကွယ်ကာရန်ကျွန်တော်မျိုး၏ ခိုလှုံရာကျောက်ဖြစ်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုး၏ရဲတိုက် ဖြစ်တော်မူပါ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကျောက်နှင့် ရဲတိုက်ဖြစ်တော်မူပါ၏။ ကတိတော်ရှိသည်အတိုင်းကျွန်တော်မျိုးအား လမ်းပြပို့ဆောင်တော်မူပါ။
ငါသည်ဘုရားသခင်ကူမတော်မူမည်ကို သည်းခံစောင့်မျှော်လျက်နေသောအခါ ကိုယ်တော်သည်နားစွင့်တော်မူ၍ငါ၏ ဟစ်အော်သံကိုကြားတော်မူ၏။
ကျွန်တော်မျိုးကိုကယ်တင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကျွန်တော်မျိုးသည်နေ့အချိန်၌ဟစ်အော်၍ ညအချိန်၌ကိုယ်တော်ရှင်၏ထံတော်သို့ ချဉ်းကပ်ပါ၏။
ကိုယ်တော်သည်အကျွန်ုပ်အားနက်ရှိုင်းသော ပင်လယ်ထဲသို့လည်းကောင်း၊ ပင်လယ်အောက်ဆုံးပိုင်းတိုင်အောင်လည်းကောင်း ပစ်ချလိုက်သဖြင့်၊ အကျွန်ုပ်မှာပင်လယ်ရေပတ်လည် ဝိုင်းရံခြင်းကိုခံလျက် ကိုယ်တော်၏လှိုင်းလုံးကြီးများသည် အကျွန်ုပ်ကိုလွှမ်းမိုးသွားပါသည်။
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။-
အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။-
စွဲမြဲစွာဆုတောင်းပတ္ထနာပြုကြလော့။ ဆုတောင်း ပတ္ထနာပြုရာတွင်နိုးနိုးကြားကြားရှိလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-