Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 116:14

Common Language Bible

ငါ​သည်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ခဲ့ သည့်​အ​တိုင်း ကိုယ်​တော်​၏​လူ​စု​တော်​စု​ဝေး​ရာ​တွင် မိ​မိ​၏​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​တို့ စု​ဝေး​ရာ ယေ​ရု​ရှ​လင်​မြို့​ရှိ​ကိုယ်​တော်​ရှင်​၏​ဗိ​မာန် တော်​၌ သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။

ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​တွက် ကိုယ်​တော်​အား​ကိုး​ကွယ်​သူ​လူ​ပ​ရိ​သတ်​ရှေ့​တွင် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​မိ​မိ​က​တိ​သစ္စာ​ပြု​ခဲ့​သည့် အ​တိုင်း ယဇ်​ပူ​ဇော်​ပါ​မည်။

ဆင်း​ရဲ​သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ​ပါ​စေ သော။

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင် ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​သစ္စာ​က​တိ ပြု​ခဲ့​သည့်​အ​တိုင်း​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​မည်။

ယင်း​သို့​ငြိမ်​သက်​သွား​သော​အ​ခါ​သင်္ဘော​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လွန်​စွာ​ကြောက်​လန့်​လာ​ကြ​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​ပြီး​လျှင်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ကြ​၏။

သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ ထို့​ပြင်​အ​ကျွန်ုပ်​ပြု​ခဲ့​သည့်​သစ္စာ​က​တိ အ​တိုင်း လိုက်​နာ​ပါ​မည်။ အ​ကြောင်း​မှာ​ကယ်​တင်​ခြင်း​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​ပါ​သည်'' ဟု ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​၏။

ကြည့်​လော့၊ သ​တင်း​ကောင်း​ကို​ယူ​ဆောင်​လာ သူ​စေ​တ​မန်​သည်​တောင်​များ​ကို​ကျော်​ဖြတ် လျက်​နေ​၏။ သူ​သည်​အောင်​ပွဲ​ခံ​ရ​သည့်​သ​တင်း ကို​ကြေ​ညာ​ရန်​လာ​လျက်​ရှိ​ပေ​သည်။ အို ယု​ဒ ပြည်​သား​တို့​သင်​တို့​၏​ဋ္ဌမ္မ​ပွဲ​သ​ဘင်​များ ကို​ကျင်း​ပ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား သင်​တို့​ဆက်​ကပ်​ပေး​လှူ​ကြ​လော့။ သူ​ယုတ် မာ​များ​သည်​သင်​တို့​ပြည်​သို့​နောက်​တစ်​ဖန် ချင်း​နင်း​ဝင်​ရောက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့​သည်​လုံး​ဝ​ဆုံး​ပါး​ပျက်​စီး​သွား ကြ​လေ​ကုန်​ပြီ။

``ထို့​အ​ပြင်`သင်​သည်​သစ္စာ​က​တိ​ကို​မ​ဖျက်​ရ။ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​ထား​ရှိ​သည့် သစ္စာ​က​တိ​အ​တိုင်း​ဆောင်​ရွက်​ရ​မည်' ဟူ​သော ပညတ်​ကို​သင်​တို့​ကြား​သိ​ရ​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ