သေလွန်ကြသူ၊ဆိတ်ငြိမ်ရာသို့ သက်ဆင်းကြသူများသည်ထာဝရဘုရားကို ထောမနာမပြုကြ။
``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။ သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။ သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။ သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။ ကျွန်တော်မျိုးအားအရှက်ကွဲစေတော်မမူ ပါနှင့်။ သူယုတ်မာတို့သည်အရှက်ကွဲရကြပါစေသော။ သူတို့သည်မရဏာနိုင်ငံတွင်ဆိတ်ဆိတ် နေရကြပါစေသော။
မရဏာနိုင်ငံတွင်ကိုယ်တော်အား အောက်မေ့သတိရသူမရှိပါ။ ထိုအရပ်တွင်အဘယ်သူမျှကိုယ်တော်အား ထောမနာပြုနိုင်မည်မဟုတ်ပါ။
ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။
``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။