Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 115:14

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့် သင်​တို့​၏​သား​မြေး​တို့​အား​သား​သ​မီး​များ​ကို ပေး​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မြေ​ကြီး​ပေါ်​ရှိ​မြေ​မှုန့်​ကို​ရေ​တွက်​နိုင်​ပါ​မှ သင်​၏​အ​ဆက်​အ​နွယ်​များ​ကို​ရေ​တွက်​နိုင်​မည်။-

သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။-

သို့​ရာ​တွင်​ယွာ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား ယ​ခု​ထက်​အ​ဆ တစ်​ရာ​ပို​၍​တိုး​ပွား​အောင်​ပြု​တော်​မူ​ပါ စေ​သော။ အ​ရှင်​သည်​လည်း​ယင်း​သို့​တိုး​ပွား သည်​ကို​တွေ့​မြင်​ရ​သည်​တိုင်​အောင်​အ​သက် ရှည်​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင်​အ​ရှင် မင်း​ကြီး​သည်​အ​ဘယ်​ကြောင့်​ဤ​အ​မှု ကို​ပြု​တော်​မူ​လို​ပါ​သ​နည်း'' ဟု​ဒါ​ဝိဒ် အား​လျှောက်​လေ​၏။-

ထို​နေ့​၌​ယာ​ကုပ်​၏​သား​မြေး​များ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သစ်​ပင်​သ​ဖွယ် အ​မြစ်​စွဲ​၍​ဖူး​ပွင့်​ကြ​လိမ့်​မည်။ ကမ္ဘာ​မြေ​ကြီး သည်​သူ​တို့​၏​သား​မြေး​များ​နှင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။

မိ​မိ​၏​လူ​မျိုး​တော်​အား​ပြည်​နှင်​ဒဏ်​သင့် ရာ​မှ​သူ​တို့​၏​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် သည် အ​ခြား​အ​မျိုး​သား​တို့​ကို​လည်း​ထို လူ​စု​နှင့်​အ​တူ​စု​ပေါင်း​နေ​ထိုင်​ရန်​ခေါ် ဆောင်​လာ​တော်​မူ​လိမ့်​မည်။

ထို​နေ​ရာ​တို့​တွင်​နေ​ထိုင်​ကြ​သူ​များ​သည် ထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​လူ​ဦး​ရေ​တိုး​ပွား​စေ​၍ ဂုဏ်​အ​သ​ရေ​ရှိ​စေ​မည်။

ငါ​သည်​မိုး​ကောင်း​ကင်​ကြယ်​တာ​ရာ​များ​နှင့် ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့​ရေ​တွက် ၍​မ​ရ​နိုင်​အောင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​သား မြေး​များ​နှင့်​ငါ​၏​အ​မှု​တော်​ဆောင်​လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ရေ အ​တွက်​ကို​တိုး​ပွား​များ​ပြား​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ပင်​လယ်​ထဲ​မှ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​မ​တိုင်း​မ​တာ နိုင်​လောက်​အောင်​များ​ပြား​ကြ​လိမ့်​မည်။ ယ​ခု အ​ခါ​၌​ဘု​ရား​သ​ခင်​က​သူ​တို့​အား``သင် တို့​သည်​ငါ​၏​လူ​စု​မ​ဟုတ်'' ဟု​မိန့်​တော်​မူ သော်​လည်း​နောင်​တစ်​နေ့​တွင်``သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏'' ဟု​မိန့်​တော် မူ​လိမ့်​မည်။-

``ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို​ခေါ်​ယူ စု​ရုံး​မည်။ လူ​တို့​ကို​ကယ်​တင်​၍​ရှေး​က​နည်း​တူ ဦး​ရေ​တိုး​တက်​များ​ပြား​စေ​မည်။

ထို​ဆု​ကျေး​ဇူး​ကို​ပေး​မည်​ဟူ​သော​ဘု​ရား သ​ခင်​၏​က​တိ​တော်​သည် သင်​တို့​အ​တွက်​လည်း ကောင်း၊ သင်​တို့​၏​သား​သ​မီး​များ​အ​တွက်​လည်း ကောင်း၊ ရပ်​ဝေး​ရှိ​သူ​တို့​အ​တွက်​လည်း​ကောင်း ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​ယူ​တော်​မူ​သော​သူ​အ​ပေါင်း တို့​အ​တွက် ဖြစ်​၏'' ဟု​ဖြေ​ဆို​လေ​၏။

ထို​ပ​ရော​ဖက်​များ​ဖြင့်​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​က​တိ​များ​သည် သင်​တို့​နှင့်​ဆိုင်​၏။ သင်​တို့ ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​သည်​လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ဘု​ရား သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​အ​မျိုး​အ​နွယ် အား​ဖြင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သ​တည်း။-

သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​အ​ဆ​ပေါင်း​တစ်​ထောင် တိုး​ပွား​များ​ပြား​ပါ​စေ​သော။ က​တိ​တော်​ရှိ သည့်​အ​တိုင်း​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော။-

ထို​နောက်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သူ​တို့​၏​အ​ရေ အ​တွက်​ကို​ငါ​ကြား​သိ​ရ​၏။ ယင်း​အ​ရေ အ​တွက်​မှာ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် ရှိ​၍ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​ဖြစ်​ကြ​သော၊-

ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ အ​ဘယ် သူ​မျှ​မ​ရေ​မ​တွက်​နိုင်​သော​လူ​အုပ်​ကြီး ကို​တွေ့​ရ​၏။ သူ​တို့​သည်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော လူ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​မှ​လာ​ရောက်​ကြ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ဝတ်​လုံ​ဖြူ​များ​ကို​ဝတ် လျက်​စွန်​ပ​လွန်​ခက်​များ​ကို​ကိုင်​ကာ ပလ္လင် တော်​နှင့်​သိုး​သူ​ငယ်​တော်​၏​ရှေ့​တွင်​ရပ် လျက်​နေ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ