ပင်လယ်နီသည်မြင်၍ထွက်ပြေးလေ၏။ ယော်ဒန်မြစ်သည်မစီးတော့ဘဲရပ်တန့် သွား၏။
ကိုယ်တော်ရှင်ဆုံးမတော်မူလိုက်သောအခါ ရေတို့သည်ပြေးသွားကြပါ၏။ ရေတို့သည်ကိုယ်တော်ရှင်၏မိုးချုန်းသံကို ကြားသောအခါလျင်မြန်စွာစီးဆင်းသွား ကြပါ၏။
ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
ကိုယ်တော်ရှင်သည်ချောင်းရေနှင့်စမ်းရေကို ပေါက်စေတော်မူ၍ မြစ်ကြီးများကိုခန်းခြောက်စေတော်မူပါ၏။
အို ဘုရားသခင်၊ ရေတို့သည်ကိုယ်တော်ရှင်ကိုမြင်သောအခါ ကြောက်ရွံ့ကြပါ၏။ ပင်လယ်ရေနက်ရာအရပ်တို့သည်လည်း တုန်လှုပ်ကြပါ၏။
မိုးတိမ်တို့သည်မိုးကိုရွာသွန်းပေးပါ၏။ ကောင်းကင်ပြင်တွင်မိုးကြိုးပစ်လျက် အရပ်လေးမျက်နှာတွင်လျှပ်စစ်များလက်ပါ၏။
မောရှေသည်ပင်လယ်ပေါ်သို့လက်ကိုဆန့် လိုက်ရာ ထာဝရဘုရားသည်အရှေ့ဘက် မှလေပြင်းကိုတစ်ညလုံးတိုက်ခတ်စေ သဖြင့် ပင်လယ်ရေကွဲ၍အောက်ခြေ၌ ခြောက်သွေ့သောမြေပေါ်စေတော်မူ၏။-
ကိုယ်တော်သည်ပင်လယ်ရေကိုမှုတ်တော်မူသဖြင့်၊ ရေသည်ကြွတက်လာ၍တံတိုင်းကဲ့သို့ တည့်မတ်လျက်နေပါ၏။ ပင်လယ်အောက်ခြေသည်လည်းခိုင်မာလျက် နေ၏။
မောရှေအားဖြင့်တန်ခိုးတော်ကိုအသုံးပြု ကာ မိမိ၏လူမျိုးတော်ရှေ့၌ပင်လယ်ရေကို နှစ်ချမ်းကွဲစေတော်မူပြီးလျှင် ထာဝစဉ်ကျော် ကြားလာတော်မူသောထာဝရဘုရားကား အဘယ်မှာနည်းဟု'' မေးကြ၏။