Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 113:7

Common Language Bible

ဆင်း​ရဲ​သူ​တို့​ကို​မြေ​မှုန့်​ထဲ​က​ချီး​မြှင့်​၍ နွမ်း​ပါး​သူ​တို့​ကို​အ​မှိုက်​ပုံ​ထဲ​က ချီး​မြှောက်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။

ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ တို့​ကို ဆင်း​ရဲ​ဒုက္ခ​မှ​ကယ်​ဆယ်​တော်​မူ​၍ သူ​တို့​၏​အိမ်​ထောင်​စု​များ​ကို​သိုး​အုပ်​များ သ​ဖွယ် တိုး​ပွား​စေ​တော်​မူ​၏။

ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​မြေ​မှုန့် ကဲ့​သို့ ခြောက်​လျက်​ကျွန်​တော်​မျိုး​၏​လျှာ​သည်​လည်း အာ​ခေါင်​တွင်​ကပ်​၍​နေ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​သေ​စေ​ရန် မြေ​မှုန့်​တွင်​စွန့်​ပစ်​ထား​တော်​မူ​ပါ​ပြီ။

ကျွန်​တော်​မျိုး​တို့​၏​လူ​စု​အ​နက်​မှ သေ​လွန်​သွား​ကြ​သူ​တို့​သည်၊တစ်​ဖန်​ပြန်​၍ အ​သက်​ရှင်​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​၏​ခန္ဓာ​ကိုယ်​များ​သည်​အ​သက်​ဝင်​၍ လာ​ပါ​လိမ့်​မည်။ သ​င်္ချိုင်း​တွင်း​၌​လဲ​လျောင်း​နေ​သော​သူ​သေ​တို့​သည် ထ​၍​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ အ​ရောင်​လျှပ်​သည့်​ဆီး​နှင်း​များ​သည်​ကမ္ဘာ​မြေ ကြီး​ကို ပြန်​လည်​စိမ်း​လန်း​လာ​စေ​သ​ကဲ့​သို့ ကာ​လ​ကြာ​မြင့်​စွာ​က​ပင်​သေ​လွန်​ခဲ့​သော သူ​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​သည်​ပြန်​၍ အ​သက်​ရှင်​စေ​တော်​မူ​ပါ​လိမ့်​မည်။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဤ​ပြည်​တွင်​ရှိ​သ​မျှ​သော​သစ်​ပင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သစ်​ပင်​မြင့်​များ​ကို​ခုတ်​လှဲ​၍ သစ်​ပင်​ငယ်​တို့​ကို​မြင့်​မား​လာ​စေ​၏။ စိမ်း​လန်း​သော​အ​ပင်​တို့​ကို​ညှိုး​နွမ်း​ခြောက်​သွေ့​စေ​၍ သွေ့​ခြောက်​သော​အ​ပင်​တို့​ကို​စိမ်း​လန်း​လာ စေ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​စ​ကား​အ​တိုင်း ပြု​မည်'' ဟူ​၍​တည်း။

ချစ်​သော​ညီ​အစ်​ကို​တို့၊ နား​ထောင်​ကြ​လော့။ ယုံ​ကြည်​ခြင်း​၌​ကြွယ်​ဝ​သူ​များ​ဖြစ်​ကြ စေ​ရန်​ကိုယ်​တော်​ကို​ချစ်​သော​သူ​တို့​အ​တွက် က​တိ​ထား​တော်​မူ​သော​နိုင်​ငံ​တော်​ကို​ဆက်​ခံ သူ​များ​ဖြစ်​ကြ​စေ​ရန် ကိုယ်​တော်​သည်​လော​က တွင်​ဆင်း​ရဲ​သူ​တို့​အား​ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်​လော။-

ဣ​သ​ရေ​လ​ဘုရင်​သည်​မည်​သူ့​ကို​သတ်​ဖြတ် ရန် လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ​သ​နည်း။ ခွေး​သေ ကောင်​ခွေး​လှေး​တို့​ကို​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ