Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 113:1

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ အ​ချင်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊ ကိုယ်​တော်​၏​နာ​မ​တော်​အား​ထော​မ​နာ ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန် အ​ထူး​နှစ်​သက်​သူ​သည်​မင်္ဂ​လာ​ရှိ​၏။

ကိုယ်​တော်​၏​အ​စေ​ခံ​သူ၊ဗိ​မာန်​တော်​တွင်​ညဥ့် အ​ခါ အ​မှု​တော်​ဆောင်​သူ​အ​ပေါင်း​တို့၊ လာ​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

လေ​ဝိ​အ​နွယ်​ဝင်​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော သတ္တ​ဝါ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ခို​လှုံ​ရန်​ချဉ်း​ကပ်​သူ​တို့​သည် အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။

ကိုယ်​တော့်​အ​စေ​ခံ​များ​၏​သား​မြေး​တို့​သည် တိုင်း​ပြည်​ကို​အ​မွေ​ခံ​ရ​လိမ့်​မည်။ ကိုယ်​တော်​အား​ချစ်​သော​သူ​တို့​သည်​ထို​ပြည်​တွင် နေ​ထိုင်​ကြ​ရ​လိမ့်​မည်။

``ဘု​ရား​သခင်​၏​အ​စေ​ခံ​အ​ပေါင်း​တို့၊ ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ကြီး​အ​ငယ်​အ​ပေါင်း တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့'' ဟု​ပလ္လင်​တော်​မှ​အ​သံ​ထွက်​ပေါ်​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ