Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 111:5

Common Language Bible

ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့​အား ကျွေး​မွေး​တော်​မူ​၏။ မိ​မိ​ပ​ဋိ​ညာဉ်​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​အား``အို ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ် တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော် သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၍​အ​မိန့် တော်​ကို​လိုက်​နာ​သူ​များ​နှင့်​ပြု​တော်​မူ သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​တော် မူ​ပါ​၏။-

ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။ က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​သည်​သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​၏။ မေတ္တာ​တော်​သည်​ကြီး​မား​တော်​မူ​သည် ဖြစ်​၍ အ​မျက်​ပြေ​တော်​မူ​၏။

ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​ကြောက်​ရွံ့ ရို​သေ​သော၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သော​သူ များ​အား ကြည့်​ရှု​စောင့်​ထိန်း​တော်​မူ​၏။

ကိုယ်​တော်​သည်​ထို​သူ​တို့​အား​သေ​ဘေး​မှ ကယ်​တော်​မူ​၏။ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ရာ​ကာ​လ​များ​၌ သူ​တို့​အား​အ​သက်​ရှင်​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက် အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။

ငါ​သည်​သူ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို ပျက်​ပြယ်​စေ​မည်​မ​ဟုတ်။ သူ့​အား​ပေး​ခဲ့​သော​က​တိ​တော်​တစ်​ခု​ကို​မျှ ရုပ်​သိမ်း​မည်​မ​ဟုတ်။

သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။

ငါ​သည်​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ဆု​တောင်း​ပတ္ထနာ​ပြု​၍​ငါ့​လူ​မျိုး​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၏။ ငါ​က``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ချီး​ကူး​ကြ ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော် ကို​တည်​မြဲ​စေ​တော်​မူ​လျက် မိ​မိ​အား​ချစ် ၍​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​သူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။

ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ်​ဝယ်​က​ရု​ဏာ ထား​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်၊ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​ခဲ့​ပြီ။

ထို​အ​ရာ​များ​ကို​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရား​သ​ခင် ကို​မ​ယုံ​ကြည်​သူ​တို့​သည်​ရှာ​ဖွေ​တတ်​ကြ ၏။ ထို​အ​ရာ​များ​ကို​သင်​တို့​လို​ကြောင်း​ကို သင်​တို့​အ​ဖ​သိ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ