Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 110:7

Common Language Bible

မင်း​ကြီး​သည်​လမ်း​အ​နီး​ရှိ​စမ်း​ချောင်း​မှ ရေ​ကို​သောက်​လျက်​အား​အင်​ပြည့်​တင်း​လာ​ကာ အောင်​ပွဲ​ကို​ခံ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။

ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော် ကြောင့် ကျွန်​တော်​မျိုး​သည်​ပြာ​ကို​အ​စား​အ​စာ အ​ဖြစ်​ဖြင့် စား​ရ​ပါ​၏။ စ​ပျစ်​ရည်​ကို​လည်း​မျက်​ရည်​နှင့်​ရော​၍​သောက် ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ချီး​မြှောက်​တော်​မူ​ပြီး​မှ​ပစ်​ချ​တော်​မူ​ပါ​၏။

သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​အား​ဝိုင်း​ရံ​ထား​သည့် ရန်​သူ​များ​ကို​အောင်​မြင်​ခွင့်​ရ​လိမ့်​မည်။ ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် လျက် ဗိ​မာန်​တော်​တွင်​ယဇ်​ပူ​ဇော်​မည်။ သီ​ချင်း​ဆို​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​မည်။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ကျွန်​တော်​မျိုး အား ဘေး​ရန်​များ​မှ​အ​စဉ်​ကွယ်​ကာ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​လျက်​ရဲ​စွမ်း​သတ္တိ​နှင့်​ပြန်​လည် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။

သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ယေ​ရု​ရှ​လင်​မြို့​မှ​ပ​ရော​ဖက်​များ​နှင့် ပတ်​သက်​၍​မိန့်​တော်​မူ​သည်​မှာ``သူ​တို့​အား ဒေါ​န​ပင်​များ​ကို​ငါ​ကျွေး​မည်။ အ​ဆိပ်​ပါ​သော​ရေ​ကို​လည်း​သောက်​စေ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ပြည်​တော် တစ်​ဝှမ်း​လုံး​တွင်၊ ဘု​ရား​မဲ့​တ​ရား​မဲ့​သော​အ​မှု​များ​ကို​ပျံ့​နှံ့​စေ ကြ​သော​ကြောင့်​ဖြစ်​၏'' ဟူ​၍​ဖြစ်​ပါ​၏။

ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မ​ရော​ဒက်​သည် မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​အား အ​ကျဉ်း​ထောင်​မှ​လွတ်​၍ က​ရု​ဏာ​ပြ​တော်​မူ​၏။ ဤ​သို့​ဖြစ်​ပျက်​သည် မှာ​ယေ​ခေါ​နိ​အ​ကျဉ်း​ကျ​ပြီး​နောက် သုံး ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ​ဒ​သ​မ​လ၊ နှစ် ဆယ့်​ငါး​ရက်​နေ့​ဖြစ်​သ​တည်း။-

သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မည်​သည့်​အ​ရာ​ကို ပန်​ကြား​နေ​သည်​ကို​သင်​တို့​မ​သိ​ကြ။ ငါ​သောက် ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို​သင်​တို့​သောက်​နိုင်​ကြ သ​လော'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``အ​ကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။

ထို​နောက်​ကိုယ်​တော်​သည်​ဒု​တိ​ယ​အ​ကြိမ်​ကြွ သွား​တော်​မူ​ပြန်​၍ ``အ​ကျွန်ုပ်​၏​အ​ဖ၊ ဤ​ဒုက္ခ ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​၍ မ​ဖြစ်​ပါ​က​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။-

မေ​ရှိ​ယ​သည်​ဘုန်း​အ​သ​ရေ​တော်​ကို​မ​ခံ​မ ယူ​မီ ဤ​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​ခံ​စား ရန်​လို​အပ်​သည်​မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော် မူ​၏။-

သ​ခင်​ယေ​ရှု​က ``ဋ္ဌား​ကို​ဋ္ဌား​အိမ်​တွင်​ပြန်​သွင်း ထား​လော့။ ခ​မည်း​တော်​ငါ့​အား​ခံ​စေ​တော်​မူ သည့်​ဒုက္ခ​ဝေ​ဒ​နာ​ကို​ငါ​မ​ခံ​သင့်​သ​လော'' ဟု ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။

ယင်း​ဆု​ကျေး​ဇူး​သည်​အ​ဘယ်​အ​ခါ​ကာ​လ ၌​လည်း​ကောင်း၊ အ​ဘယ်​ပုံ​အ​ဘယ်​နည်း​ဖြင့် လည်း​ကောင်း​ပေါ်​ပေါက်​လာ​မည်​ကို​သိ​ရှိ​နိုင် ရန်​လည်း​ကြိုး​စား​၍​ရှာ​ဖွေ​စုံ​စမ်း​ခဲ့​ကြ​၏။ သူ​တို့​အ​ထဲ​၌​သက်​ဝင်​လှုပ်​ရှား​လျက်​ရှိ သော​ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​က ဤ​အ​ခါ ကာ​လ​တွင်​ခ​ရစ်​တော်​ခံ​ရ​မည့်​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ထို​သို့​ခံ​တော်​မူ​ပြီး​နောက် ဝင်​စား​ရ​မည့်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း​ကြို​တင်​ဖော်​ပြ​ခဲ့​ပေ​သည်။-

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ဟိ​အ​ရပ် မြေ​ချိုင့်​တစ်​နေ​ရာ​တွင် စမ်း​ပေါက်​စေ​တော်​မူ သ​ဖြင့်​ရေ​ထွက်​လာ​၏။ ရှံ​ဆုန်​သည်​ထို​ရေ​ကို သောက်​ရ​၍​လန်း​ဆန်း​လာ​လေ​သည်။ သို့​ဖြစ် ၍​ထို​စမ်း​ပေါက်​ကို​အ​ဟက္ကော​ရ​ဟု​ခေါ်​ဝေါ် ၍​ယ​နေ့​တိုင်​အောင်​လေ​ဟိ​အ​ရပ်​၌​ရှိ​သ တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ