Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 11:1

Common Language Bible

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​တွင်​ခို​လှုံ ပါ​၏။ ``တိုင်း​ပြည်​ငြိမ်​ဝပ်​ပိ​ပြား​မှု​မ​ရှိ​သော​အ​ခါ သူ​တော်​ကောင်း​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ် နိုင်။ သူ​ယုတ်​မာ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို ချောင်း​မြောင်း​ပစ်​ခတ်​ရန်​လေး​ကို​တင်​၍​မြား​ကို ချိန်​ရွယ်​လျက်​နေ​လေ​ပြီ။ ထို​ကြောင့်``တောင်​ပေါ်​သို့​ငှက်​ကဲ့​သို့ ပျံ​တက်​လော့'' ဟု ငါ့​အား​သင်​တို့​ပြော​ဆို​ကြ​သည်​မှာ​လွန်​စွာ မိုက်​မဲ​လေ​စွ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။

ဆူ​ဒန်​နှင့်​လိ​ဗု​အ​မျိုး​သား​တို့​တွင်​စစ်​ရ​ထား နှင့် မြင်း​စီး​သူ​ရဲ​အ​မြောက်​အ​မြား​ပါ​ဝင် သည့်​တပ်​မ​တော်​များ​ရှိ​ခဲ့​ကြ​သည်​မ​ဟုတ် ပါ​လော။ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘုရား​ကို အား​ကိုး​ခဲ့​သ​ဖြင့် ကိုယ်​တော်​သည်​ဘု​ရင်​မင်း အား​ထို​တပ်​မ​တော်​တို့​ကို​နှိမ်​နင်း​ခွင့်​ပေး တော်​မူ​ခဲ့​၏။-

ထို​အ​ခါ​ငါ​က``ငါ​သည်​ထွက်​ပြေး​တိမ်း ရှောင်​တတ်​သော​သူ​မ​ဟုတ်။ အ​သက်​ချမ်း​သာ ရ​ရန်​ဗိ​မာန်​တော်​ထဲ​တွင်​ပုန်း​အောင်း​တတ် သူ​ဟု​သင်​ထင်​မှတ်​ပါ​သ​လော။ ဗိ​မာန် တော်​သို့​ငါ​မ​သွား'' ဟု​ပြန်​ပြော​လိုက်​၏။

အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​ပါ။

ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ စစ်​အ​ရေး​နိမ့်​၍​အ​ရှက်​ရ​ခြင်း​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အ​ရေး​နိမ့်​သ​ဖြင့်​ရန်​သူ​တို့​အား နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။

ငါ​သည်​ကိုယ်​တော်​ကို​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​မည်​မ​ဟုတ်။ လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။

ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊​ကိုယ်​တော်​၌​ကျွန်​တော်​မျိုး​ခို​လှုံ​ပါ​၏။ ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​နေ​သူ​အ​ပေါင်း​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

ကယ်​ဆယ်​တော်​မ​မူ​ပါ​လျှင်​သူ​တို့​သည်​ခြင်္သေ့​ကဲ့​သို့ ကျွန်​တော်​မျိုး​အား​ကယ်​မည့်​သူ​မ​ရှိ​သည့်​အ​ရပ်​သို့​ဆွဲ​ယူ​ကာ​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​ပါ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​ကို​သိ​ကျွမ်း​သူ​တို့​သည် ကိုယ်​တော်​ရှင်​အား​ယုံ​ကြည်​ကိုး​စား​ကြ​ပါ လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​သူ မှန်​သ​မျှ​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ။

မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။

``မော​ဘ​ပြည်​သား​တို့၊သင်​တို့​သည်​အ​ဘယ် ကြောင့် မိ​မိ​တို့​ကိုယ်​ကို၊အာ​ဇာ​နည်​များ၊စစ်​ပြန် သူ​ရဲ​ကောင်း​များ​ဟု​ပြော​ဆို​ကြ​သ​နည်း။

ထို​အ​ချိန်​၌​ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​ကို​လာ​ပြီး​လျှင် ``ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ အ​ခြား​အ​ရပ်​သို့​ကြွ​တော်​မူ​ပါ။ ဟေ​ရုဒ်​မင်း သည်​အ​ရှင့်​အား​သတ်​ရန်​အ​ကြံ​ရှိ​ပါ​၏'' ဟု လျှောက်​ကြ​၏။

ထို​ညဥ့်​၌​ပင်​လျှင်​ဒါ​ဝိဒ်​၏​အိမ်​ကို​စောင့်​ကြည့် ရန်​နှင့် နောက်​တစ်​နေ့​နံ​နက်​၌​ဒါ​ဝိဒ်​ကို​သတ် ရန်​ရှော​လု​သည် လူ​အ​ချို့​တို့​ကို​စေ​လွှတ်​လိုက်​၏။ ဒါ​ဝိဒ်​၏​ဇ​နီး​မိ​ခါ​လ​သည်​ဒါ​ဝိဒ်​အား``အ​ရှင်၊ သင်​သည်​ယ​နေ့​ညဥ့်​၌​ပင်​ထွက်​ပြေး​ပါ​လော့။ သို့​မ​ဟုတ်​ပါ​က​နက်​ဖြန်​ခါ​အ​သတ်​ခံ​ရ​ပါ လိမ့်​မည်'' ဟု​သ​တိ​ပေး​ပြီး​နောက်၊-

ရပ်​၍​မ​နေ​နှင့်။ မြန်​မြန်​ပြေး​၍​ကောက်​လော့'' ဟု​ဟစ်​အော်​လိုက်​၏။ သူ​ငယ်​သည်​မြား​ကို ကောက်​ပြီး​လျှင် မိ​မိ​သ​ခင်​ရှိ​ရာ​သို့​ပြန် လာ​လေ​သည်။-

ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​မှ​မော​ဘ​ပြည်​မိ​ဇ​ပါ မြို့​သို့​သွား​၍​မော​ဘ​ဘု​ရင်​အား``အ​ကျွန်ုပ် အ​ဖို့​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​စီ​မံ​တော် မူ​မည်​ကို​မ​သိ​ရ​မီ​အ​တော​အ​တွင်း အ​ကျွန်ုပ် ၏​မိ​ဘ​နှစ်​ပါး​ကို​အ​ရှင်​၏​ထံ​တွင်​နေ​ထိုင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​လေ​၏။-

ဒါ​ဝိဒ်​သည်​ဇိ​ဖ​တော​ကန္တာ​ရ​ရှိ​တောင်​ထူ ထပ်​သော​အ​ရပ်​တွင်​ပုန်း​အောင်း​လျက်​နေ​၏။ ရှော​လု​သည်​သူ့​အား​အ​ချိန်​ရှိ​သ​မျှ​ကြိုး စား​၍​ရှာ​ဖွေ​သော်​လည်း ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​အား​ရှော​လု​၏​လက်​သို့​ပေး​အပ်​တော် မ​မူ။-

``ရှော​လု​သည်​တစ်​နေ့​နေ့​၌​ငါ့​ကို​သတ်​လိမ့်​မည်။ ငါ​ပြု​ရန်​အ​ကောင်း​ဆုံး​အ​မှု​မှာ​ဖိ​လိတ္တိ​ပြည် သို့​ထွက်​ပြေး​ရန်​ပင်​ဖြစ်​၏။ ထို​အ​ခါ​သူ​သည် ငါ့​အား​ဣ​သ​ရေ​လ​ပြည်​တွင် လိုက်​လံ​ရှာ​ဖွေ တော့​မည်​မ​ဟုတ်​သ​ဖြင့် ငါ​သည်​လည်း​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ရ​လတ္တံ့'' ဟု​ဒါ​ဝိဒ်​သည်​တွေး တော​မိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ