ဆာလံ 109:7Common Language Bibleသူ့အားစစ်ဆေး၍ပြစ်မှုထင်ရှားပါစေသော။ သူ၏ဆုတောင်းပတ္ထနာသည်ပင်လျှင် ပြစ်မှုကူးရာရောက်ပါစေသော။ အခန်းကိုကြည့်ပါ။ |
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-