ဆာလံ 109:5Common Language Bibleသူတို့သည်ကျွန်တော်မျိုးပြုသည့်ကျေးဇူးကို ဆိုးညစ်မှုဖြင့်လည်းကောင်း၊ကျွန်တော်မျိုး၏ မေတ္တာကိုမုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်လည်ပေးဆပ်ကြပါ၏။ အခန်းကိုကြည့်ပါ။ |
ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။
ကောင်းကျိုးကိုဆိုးကျိုးဖြင့်ပေးချေသင့်ပါ မည်လော။ သို့ပါလျက်သူတို့သည်ကျွန်တော် မျိုးလိမ့်ကျစေရန်တွင်းကိုတူးကြပါပြီ။ ကျွန်တော်မျိုးသည်အထံတော်သို့လာ၍သူ တို့အားအမျက်တော်နှင့်ဆက်ဆံတော်မမူ ရန် သူတို့ကိုယ်စားအဘယ်သို့ပြန်ကြား လျှောက်ထားခဲ့သည်ကိုအောက်မေ့သတိရ တော်မူပါ။-
သူသည်မိမိအသက်ကိုစွန့်၍ဂေါလျတ်ကို သတ်ခဲ့ပါ၏။ ဤနည်းအားဖြင့်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားအောင်ပွဲ ကြီးတစ်ရပ်ကိုခံစေတော်မူခဲ့ပါ၏။ ထို အချင်းအရာကိုအရှင်မြင်တော်မူသော အခါဝမ်းမြောက်တော်မူခဲ့ပါ၏။ သို့သော် လည်းအရှင်သည်အပြစ်မရှိသူတစ်ယောက် အား အဘယ်ကြောင့်ပြစ်မှားလိုပါသနည်း။ အဘယ်ကြောင့်ဒါဝိဒ်ကိုအကြောင်းမဲ့သတ် တော်မူလိုပါသနည်း'' ဟုလျှောက်၏။