Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 109:16

Common Language Bible

ထို​သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သ​နား ကြင်​နာ​ရန် စိတ်​မ​ကူး​ခဲ့။ ဆင်း​ရဲ​သူ၊ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက်​သတ်​ဖြတ်​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​အ​ချင်း​ချင်း​က``အ​ကယ်​စင်​စစ် ငါ​တို့​ညီ​အား​ပြု​ခဲ့​သ​မျှ​အ​တွက် ယ​ခု​ငါ​တို့ ခံ​ရ​ကြ​လေ​ပြီ။ သ​နား​ညှာ​တာ​ရန်​ငါ​တို့​၏​ညီ က​တောင်း​ပန်​သော​အ​ခါ ငါ​တို့​သည်​သူ​၏​စိတ် ဆင်း​ရဲ​ခြင်း​ကို​မြင်​လျက်​နှင့်​သူ့​အား​မ​သ​နား မ​ညှာ​တာ​ခဲ့​ချေ။ ထို့​ကြောင့်​ငါ​တို့​သည်​ယ​ခု ဝဋ်​လည်​နေ​ရ​ကြ​၏'' ဟု​ပြော​ဆို​ကြ​၏။

သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။

သူ​ယုတ်​မာ​တို့​သည်​မာ​န​ထောင်​လွှား​လျက် ဆင်း​ရဲ​သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ပန်း​ကြ​၏။ မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​များ​တွင် ပြန်​၍​မိ​စေ​တော်​မူ​ပါ။

ကိုယ်​တော်​သည်​စိတ်​ပျက်​အား​လျော့​သူ​တို့​၏ အ​နီး​တွင်​ရှိ​တော်​မူ​၏။ မျှော်​လင့်​စ​ရာ​လုံး​ဝ​မ​ရှိ​သူ​တို့​အား​ကယ် တော်​မူ​၏။

သူ​ယုတ်​မာ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​အား သတ်​ဖြတ်​ရန်​လည်း​ကောင်း၊မှန်​ရာ​ကို​ပြု​သူ​တို့ အား အ​ဆုံး​စီ​ရင်​ရန်​လည်း​ကောင်း ဋ္ဌား​များ​ကို​ဆွဲ​ထုတ်​၍​လေး​များ​ကို တင်​ကြ​၏။

သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အား​ချောင်း​မြောင်း​၍ သတ်​ရန်​ကြိုး​စား​တတ်​၏။

``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။

ဘု​ရား​သ​ခင်​သည်​သ​နား​က​ရု​ဏာ​မ​ရှိ​သူ အား​သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​တ​ရား​စီ​ရင် တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သ​နားခြင်း​က​ရု​ဏာ ရှိ​သူ​သည်​တ​ရား​စီ​ရင်​ခြင်း​ကို​ကြောက်​လန့် ရန်​မ​လို​ပေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ