Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 108:13

Common Language Bible

ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက်​၌​ရှိ​တော် မူ​လျှင် ငါ​တို့​သည်​အ​နိုင်​ရ​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။

ငါ့​ကျောက်​တောင်​ဖြစ်​တော်​မူ​သော​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​ကို​တိုက်​ပွဲ​ဝင်​ရန်​အ​တွက် လေ့​ကျင့်​ပေး​တော်​မူ​၏။ စစ်​ဆင်​မှု​ကို​သွန်​သင်​ပေး​တော်​မူ​၏။

လေ​တိုက်​၍​လွင့်​ပါ​သွား​သော​မြေ​မှုန့်​သ​ဖွယ် ဖြစ်​စေ​ရန် သူ​တို့​အား​ကျွန်​တော်​မျိုး​ချေ​မှုန်း​ပါ​၏။ လမ်း​များ​ပေါ်​မှ​ရွှံ့​သ​ဖွယ်​သူ​တို့​အား ကျွန်​တော်​မျိုး​ကျော်​နင်း​ပါ​၏။

ငါ​တို့​၏​ဘက်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ​လျှင် ငါ​တို့​သည်​အောင်​မြင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ကို​ကွယ် ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် မော​ဘ​ပြည်​သူ​တို့​မူ​ကား​နွား​ချေး​နှင့်​ရော နှော​နေ​သော​ကောက်​ရိုး​ကဲ့​သို့​နင်း​ချေ​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​လူ​မျိုး​တ​ကာ တို့​ကို​စ​ပျစ်​သီး​များ​သ​ဖွယ်​နင်း​နယ်​ခဲ့ လေ​ပြီ။ အ​ဘယ်​သူ​မျှ​ငါ့​အား​ကူ​ညီ​ရန် မ​လာ​မ​ရောက်​ကြ။ ငါ​သည်​အ​မျက်​ထွက် သ​ဖြင့်​သူ​တို့​အား​နင်း​နယ်​ရာ​တွင်​ငါ​၏ အ​ဝတ်​များ​သည်​သူ​တို့​၏​သွေး​များ​ဖြင့် စွန်း​၍​သွား​ပေ​သည်။-

ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည်​စာ​တန် အား သင်​တို့​၏​ခြေ​အောက်​တွင်​မ​ကြာ​မီ​ချေ​မှုန်း တော်​မူ​လိမ့်​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ ခံ​စား​ကြ​ရ​ပါ​စေ​သော။

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ငါ​သည်​ယ​ခု​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​၏။ ငါ့ အား​ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ကျေး​ဇူး တော်​သည်​လည်း​အ​ကျိုး​မဲ့​မ​ဖြစ်။ ငါ​သည်​အ​ခြား တ​မန်​တော်​တို့​ထက်​ပို​၍​ကြိုး​စား​လုပ်​ဆောင်​၏။ ဤ​သို့​လုပ်​ဆောင်​နိုင်​ခြင်း​မှာ​ငါ​၏​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​၏။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြီး လှ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ငါ​တို့​အား​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​စေ​လျက် သုံ့​ပန်း​များ​အ​ဖြစ်​ဖြင့်​ခ​ရစ်​တော် ၏​အောင်​ပွဲ​ခံ​အ​ခမ်း​အ​နား​လှည့်​လည်​ရာ​တွင် အ​စဉ်​အ​မြဲ​လိုက်​ပါ​စေ​တော်​မူ​သော​ကြောင့် ဖြစ်​၏။-

သူ​တို့​အား​ပြင်း​ထန်​စွာ​တိုက်​ခိုက်​လေ​၏။ သူ သည်​လူ​အ​မြောက်​အ​မြား​ကို​သတ်​ဖြတ်​ပြီး နောက် ဧ​တံ​ကျောက်​ဆောင်​အ​တွင်း​ရှိ​ဂူ​၌ သွား​ရောက်​နေ​ထိုင်​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ