Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 108:11

Common Language Bible

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ ကျွန်​တော်​မျိုး​၏​တပ်​များ​နှင့်​အ​တူ​ချီ​တက် တော်​မ​မူ​တော့​ပြီ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​၏​ခေါင်း​ဆောင်​ကား​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​ဖြစ်​၏။ ကိုယ်​တော်​၏​ယဇ်ပု​ရော ဟိတ်​တို့​သည်​လည်း​ငါ​တို့​စစ်​ပွဲ​ဝင်​ရန် တံ​ပိုး ခ​ရာ​မှုတ်​၍​အ​ချက်​ပေး​ဖို့​အ​သင့်​ရှိ​နေ​ကြ သည်။ ဣသ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​ပြိုင်​၍​စစ်​မ​တိုက်​ကြ​နှင့်။ သင်​တို့​မ​နိုင် နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။

မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အင်​အား​ကြီး မား​သော​တပ်​ကို​ကူ​မ​တော်​မူ​နိုင်​သည့်​နည်း တူ အင်​အား​နည်း​သော​တပ်​ကို​လည်း​ကူ​မ​တော် မူ​နိုင်​ပါ​၏။ အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို အား​ကိုး​လျက်​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဤ ကြီး​မား​လှ​သော​တပ်​မ​တော်​ကို​တိုက်​ခိုက် ရန်​ထွက်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​အား​အ​ဘယ် သူ​မျှ​မ​နှိမ်​နင်း​နိုင်​ပါ'' ဟု​ပတ္ထနာ​ပြု​တော် မူ​၏။

ယ​ဟာ​ဇေ​လ​က``အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယု​ဒ​ပြည်​သူ​များ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့၊ သင်​တို့​သည်​စိတ်​မ​ပျက်​အား မ​လျော့​ကြ​နှင့်။ ဤ​ကြီး​မား​သည့်​တပ်​မ​တော် ကို​ရင်​ဆိုင်​ရန်​မ​ကြောက်​ကြ​နှင့်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ တိုက်​ပွဲ​သည်​သင် တို့​၏​အ​ပေါ်​တွင်​မ​တည်။ ဘု​ရား​သ​ခင် ၏​အ​ပေါ်​တွင်​တည်​ပေ​သည်။-

သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ပစ်​ပယ်​တော်​မူ​လျက် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​တော့​ပါ။

သင်​တို့​၏​ပြည်​ကို​ရန်​သူ​များ​ထိ​ပါး​တိုက် ခိုက်​လာ​သော​အ​ခါ ရန်​သူ​ကို​ခု​ခံ​တိုက်​ခိုက် ရန်​အ​တွက် ဤ​တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​၍ တပ်​လှန့်​နှိုး​ဆော်​ရ​မည်။ သင်​တို့​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​သ​တိ​ရ လျက်​ရန်​သူ​၏​လက်​မှ​ကယ်​တင်​တော်​မူ​မည်။-

ဒါ​ဝိဒ်​သည်​အ​နီး​၌​ရှိ​သော​လူ​တို့​အား``ဤ ဖိလိတ္တိ​အ​မျိုး​သား​ကို​သတ်​၍​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​အ​သ​ရေ​ကို​ဆယ်​နိုင်​သူ သည် အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​ရ​ပါ​မည် နည်း။ အ​ကယ်​စင်​စစ်​ဤ​ဘုရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တပ်​မ​တော်​ကို​အံ​တု​၍​နေ​ပါ​သ​နည်း'' ဟု​ဆို​၏။-

အ​ကျွန်ုပ်​သည်​ခြင်္သေ့​နှင့်​ဝက်​ဝံ​တို့​ကို​သတ်​ခဲ့​သူ ဖြစ်​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ တပ်​မ​တော်​ကို​အံ​တု​သူ၊ ဤ​ဘု​ရား​မဲ့​ဖိ​လိတ္တိ အ​မျိုး​သား​အား​လည်း​သတ်​ဖြတ်​နိုင်​ပါ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ