Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 107:26

Common Language Bible

သင်္ဘော​များ​သည်​လေ​ထဲ​သို့​မြောက်​၍​သွား​ကြ ပြီး​နောက် ရေ​ထဲ​သို့​ထိုး​ဆင်း​သွား​ကြ​၏။ ယင်း​သို့​သေ​ဘေး​နှင့်​တွေ့​ကြုံ​ရ​ကြ​သ​ဖြင့် လူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ခြင်္သေ့​ကဲ့​သို့​ကြောက်​စိတ်​ကင်း​၍ ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​သော​သူ​များ​ပင်​လျှင် ထိတ်​လန့်​သွား​ကြ​ပါ​လိမ့်​မည်။ အ​ဘယ်​ကြောင့် ဆို​သော်​အ​ရှင့်​ခ​မည်း​တော်​သည်​သူ​ရဲ​ကောင်း ကြီး​တစ်​ယောက်​ဖြစ်​၍ သူ​၏​စစ်​သည်​တော် တို့​သည်​လည်း​စစ်​ရည်​ဝ​သူ​များ​ဖြစ်​သည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​သိ ကြ​သော​ကြောင့်​ဖြစ်​ပါ​၏။-

ကွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု ခံ​စား​လက်​ရှိ​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​ခွန်​အား​ပေး​တော်​မူ​ပါ။

ကျွန်​တော်​မျိုး​၏​ခွန်​အား​သည်​မြေ​ကြီး​ပေါ်​တွင် ဖိတ်​သည့်​ရေ​ကဲ့​သို့​ခန်း​ခြောက်​သွား​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​အား​လုံး​သည် အ​ဆစ်​ပြုတ်​လျက်​နေ​ပါ​၏။ ရင်​တွင်း​မှ​နှ​လုံး​သား​သည်​အ​ရည်​ပျော် သော ဖ​ယောင်း​ကဲ့​သို့​ဖြစ်​၍​နေ​ပါ​၏။

လူ​အ​ပေါင်း​တို့​၏​လက်​သည်​နုံ့​နဲ့​၍​နေ​လိမ့် မည်။ ထို​သူ​တို့​သည်​သတ္တိ​ကြောင်​၍​နေ​လိမ့် မည်။-

နိ​နေ​ဝေ​မြို့​သည်​ပျက်​စီး​၍​သွား​လေ​ပြီ။ လူ​သူ​မ​ရှိ။ ဆိတ်​ညံ​ရာ​ဖြစ်​လျက်​နေ​၏။ လူ​တို့​သည်​အ​လွန်​ကြောက်​လန့်​သ​ဖြင့်​နှ​လုံး ခုန်​ရပ်​လု​နီး၊ ဒူး​များ​တုန်​လျက်​အား​အင်​ကုန်​ခန်း​၍​သွား​ကြ​၏။ သူ​တို့​၏​မျက်​နှာ​တွင်​လည်း​သွေး​မ​ရှိ​တော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ