သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။ သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။
သူတို့သည်တောကန္တာရတွင်ကြိမ်ဖန်များစွာ ကိုယ်တော်အားပုန်ကန်ခဲ့ကြ၏။ ကြိမ်ဖန်များစွာကိုယ်တော်အားစိတ်မချမ်းမသာ ဖြစ်စေခဲ့ကြပါသည်တကား။
သင်တို့သည်ဒုက္ခရောက်စဉ်အခါ၌ ငါ့ကိုအော်ဟစ်သောအခါ ငါသည်သင်တို့အားကယ်ခဲ့၏။ မိုးသက်မုန်တိုင်းအတွင်းမမြင်နိုင်သောအရပ် မှနေ၍ သင်တို့အားငါဖြေကြားခဲ့၏။ မေရိဘစမ်းရေအနီးတွင်သင်တို့အားငါ သွေးစမ်းခဲ့၏။
ဣသရေလအမျိုးသားတို့က``ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိပါသလား'' ဟုမေးလျက်မောရှေအားညည်းညူ၍ထာဝရ ဘုရားကိုစုံစမ်းကြသဖြင့် ထိုအရပ်ကို``မဿာ'' ဟူ၍လည်းကောင်း``မေရိဘ'' ဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြသတည်း။
ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
``သို့သော်လည်းသင်တို့အတွက်ကြောင့်ထာဝရ ဘုရားသည်ငါ့ကိုအမျက်ထွက်၍ ငါ၏တောင်းပန် စကားကိုလက်ခံတော်မမူ။ ထာဝရဘုရား က`ဆက်၍မလျှောက်နှင့်။ ဤအကြောင်းကို နောက်ထပ်မလျှောက်ထားနှင့်။-
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက်ကြောင့်ငါ့အားအမျက်တော် ထွက်၍ ငါသည်ယော်ဒန်မြစ်တစ်ဘက်သို့ကူး ၍ သင်တို့အားပေးသနားတော်မူသည့်အစာ ရေစာပေါကြွယ်ဝသောပြည်သို့ မဝင်ရဟု အလေးအနက်ပညတ်တော်မူသည်။