Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 106:10

Common Language Bible

ကိုယ်​တော်​သည်​သူ​တို့​ကို​မုန်း​သော​သူ​တို့​၏​လက်​မှ ကယ်​တော်​မူ​၏။ သူ​တို့​၏​ရန်​သူ​များ​လက်​မှ​ကယ်​ဆယ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပင်​လယ်​ကို​ဖြတ်​၍​လမ်း​ဖောက်​ပြီး​လျှင် သူ​တို့​အား​ခြောက်​သွေ့​သော​မြေ​ပေါ်​တွင်​လျှောက်​၍ သွား​စေ​တော်​မူ​ပါ​၏။ သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သူ​တို့​ကို​မူ ပင်​လယ်​ရေ​လှိုင်း​တွင် ကျောက်​ခဲ​နစ်​သ​ကဲ့​သို့​ရေ​ထဲ​၌​နစ်​စေ​တော် မူ​ပါ​၏။

ရန်​သူ​တို့​လက်​မှ​ကယ်​ဆယ်​တော်​မူ​၍ အ​ရှေ့​အ​နောက်​တောင်​မြောက်​ရှိ​တိုင်း​တစ်​ပါး​မှ ပြန်​ခေါ်​ဆောင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည်​ချီး​မွမ်း​ကြ​စေ။

ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​တို့​၏​လက်​မှ လွတ်​မြောက်​စေ​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား အ​စဉ်​အ​မြဲ​ထော​မ​နာ​ပြု​၍​ကျေး​ဇူး​တော်​ကို ထာ​ဝ​စဉ်​ချီး​မွမ်း​ပါ​မည်။

ထို​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​လက်​မှ​ကယ်​တင်​တော်​မူ​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​အ​မျိုး​သား​တို့ ၏​အ​လောင်း​များ​ကို​ပင်​လယ်​ကမ်း​ပေါ်​၌ အ​တုံး​အ​ရုံး​ရှိ​သည်​ကို​တွေ့​မြင်​ကြ လေ​၏။-

က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​သည် မိ​မိ​ရွေး​နုတ်​သော​လူ​မျိုး​ကို​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​ဖြင့်​သူ​တို့​အား ပြည်​တော်​သို့​လမ်း​ပြ​တော်​မူ​၏။

ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​၏။ ကျွန်​ခံ​ရာ​ဘ​ဝ​မှ​ကယ်​တင်​ခဲ့​၏။ သင် တို့​ကို​ရှေ့​ဆောင်​လမ်း​ပြ​ရန်​မော​ရှေ၊ အာ​ရုန် နှင့်​မိ​ရိ​အံ​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။-

အီ​ဂျစ်​စစ်​တပ်​သည်​သင်​တို့​အား​လိုက်​လံ​တိုက် ခိုက်​စဉ်​က ကိုယ်​တော်​သည်​သူ​တို့​၏​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့်​တ​ကွ​စစ်​တပ်​တစ်​ခု​လုံး ကို ပင်​လယ်​နီ​အ​တွင်း​၌​နစ်​မြုပ်​စေ​ခဲ့​ပုံ​ကို သင်​တို့​မြင်​ခဲ့​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ