Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 105:25

Common Language Bible

ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​စိတ်​ကို ပြောင်း​လဲ​စေ​သ​ဖြင့် သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​အား​မုန်း​၍ လိမ်​လည်​လှည့်​ဖျား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား ``သင်​၏​အ​မျိုး အ​နွယ်​တို့​သည် သူ​တစ်​ပါး​၏​နိုင်​ငံ​၌​သူ​စိမ်း တစ်​ရံ​ဆံ​အ​ဖြစ်​နေ​ထိုင်​ရ​ကြ​မည်။ ထို​အ​ရပ် တွင်​သူ​တို့​သည်​နှစ်​ပေါင်း​လေး​ရာ​ကျွန်​အ​ဖြစ် ဖြင့်​နှိပ်​စက်​ညှင်း​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​မည်။-

``ဟေ​ဗြဲ​အ​မျိုး​သမီး​တို့​ကို​သား​ဖွား​ပေး​ရ​သည့်​အ​ခါ ယောကျာ်း​က​လေး​ဖြစ်​လျှင်​သတ်​ပစ်​လော့။ မိန်း​က​လေး​ဖြစ်​လျှင်​အ​သက်​ချမ်း​သာ​ခွင့်​ပေး​လော့။'' ဟု​အ​မိန့်​ပေး​လေ​၏။-

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် သည်​ဘု​ရင်​ထံ​သို့​သွား​လော့။ ငါ​သည်​အံ့​ဖွယ် သော​အ​မှု​တို့​ကို အီ​ဂျစ်​အ​မျိုး​သား​တို့​တွင် ပြ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ​တို့​အား​ပြ​သည့် အံ့​ဖွယ်​သော​အ​မှု​များ​အ​ကြောင်း​ကို သင် တို့​၏​သား​မြေး​တို့​အား​ပြော​ပြ​နိုင်​ခြင်း ငှာ​လည်း​ကောင်း ငါ​သည်​ဘု​ရင်​နှင့်​သူ​၏ မှူး​မတ်​တို့​ကို​ခေါင်း​မာ​စေ​၏။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​သင်​တို့ အား​လုံး​သိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ကာ​လ​အ​တန်​ကြာ​သော် အီ​ဂျစ်​ပြည်​ဘု​ရင် အ​နိစ္စ​ရောက်​လေ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ကျွန်​ခံ​ရ​သော​ဒဏ်​ကြောင့် ညည်း​ညူ​လျက်​ရှိ​ရ​ကြ​သေး​၏။ ကျွန်​ခံ​ရ သော​ဘ​ဝ​မှ​လွတ်​မြောက်​ရေး​အ​တွက် သူ​တို့ အော်​ဟစ်​တောင်း​လျှောက်​သော​အ​သံ​သည် ဘု​ရား​သ​ခင်​ထံ​တော်​သို့​ရောက်​လေ​၏။-

ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် ယ​ခု​အီ​ဂျစ်​ပြည်​သို့​ပြန်​မည်​ဖြစ်​ရာ၊ သင့် အား​ငါ​ပေး​ထား​သော​တန်​ခိုး​ဖြင့်​ဖာ​ရော ဘု​ရင်​ရှေ့​၌​အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လော့။ ငါ​သည်​သူ့​စိတ်​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-

သို့​ရာ​တွင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ငါ ၏​ဘုန်း​တန်​ခိုး​ကို​တွေ့​မြင်​ကြ​စေ​ရန် ငါ သည်​သင်​တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး ခဲ့​၏။-

ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန် လည်း ရှိ၏။

ထို​ဘု​ရင်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​ကို​လှည့် စား​၍ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​၏။ သူ​တို့ ၏​က​လေး​သူ​ငယ်​များ​အား​သေ​စေ​ရန်​အိမ် ပြင်​တွင်​ပစ်​ထား​စေ​၏။-

``သို့​သော်​လည်း​ရှိ​ဟုန်​ဘု​ရင်​သည် ငါ​တို့​အား သူ​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပေး။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း ကို​ခေါင်း​မာ​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​သည်​သူ့ ကို​တိုက်​ခိုက်​အောင်​မြင်​၍ သူ​၏​ပြည်​ကို​သိမ်း ပိုက်​ကာ​ယ​နေ့​တိုင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ