မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍ တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
အီဂျစ်ပြည်သားတို့သည်အစာခေါင်းပါး ခြင်းဒဏ်ကိုခံရကြသောအခါ ဖာရောဘုရင် အားရိက္ခာပေးရန်တောင်းဆိုကြ၏။ ထိုအခါ ဖာရောဘုရင်က``ယောသပ်ထံသို့သွားကြ။ သူပြောသည့်အတိုင်းပြုကြလော့''ဟုမိန့် တော်မူလေ၏။-
သူတို့က``ယောသပ်သည်အသက်ရှင်လျက်ရှိပါ သေး၏။ သူသည်အီဂျစ်ပြည်တစ်ပြည်လုံးကို အုပ်စိုးသောမင်းဖြစ်နေပါ၏'' ဟုဆိုကြသော် ယာကုပ်သည်လွန်စွာအံ့အားသင့်လျက်မယုံ နိုင်ဖြစ်လေ၏။
သို့ဖြစ်၍သင်တို့သည်ကျွန်ုပ်အားဤအရပ်သို့ စေလွှတ်လိုက်ခြင်းမဟုတ်၊ ဘုရားသခင်ကစေ လွှတ်တော်မူခြင်းပင်ဖြစ်သည်။ ဘုရားသခင် သည်ကျွန်ုပ်ကိုဤတိုင်းပြည်၏ဘုရင်ခံအရာ၌ ခန့်ထားတော်မူပြီ။ ကျွန်ုပ်သည်အီဂျစ်ပြည် တစ်ပြည်လုံးကိုအုပ်ချုပ်ရသူဖြစ်၏။