ဆာလံ 105:1Common Language Bibleထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ အခန်းကိုကြည့်ပါ။ |
ယေဒုသုန်၏သားခြောက်ယောက်ဖြစ်ကြသော ဂေဒလိ၊ ဇေရိ၊ ရှိမိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိ သိတို့သည်မိမိတို့၏ဖခင်ညွှန်ကြားကွပ်ကဲ မှုကိုခံယူလျက် စောင်းသံနှင့်တွဲဖက်၍ဘုရားသခင်၏တရားတော်ကိုဟောပြောခြင်း၊ ထာဝရ ဘုရားအားထောမနာပြုခြင်း၊ ကျေးဇူးတော် ကိုချီးမွမ်းခြင်းအမှုတို့ကိုပြုရကြ၏။
ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟု လူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။
``ထိုကြောင့်ဘာသာစကားအမျိုးမျိုးကို ပြောဆိုသောလူမျိုးအသီးသီးနှင့်နိုင်ငံ အသီးသီးကမည်သူမဆိုရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၏ဘုရားအားမရို မသေပြောဆိုသည်ဆိုအံ့၊ ထိုသူအားအပိုင်း ပိုင်းဖြတ်၍နေအိမ်ကိုလည်း ပြာပုံဖြစ်စေ ဟုယခုငါအမိန့်ပေး၏။ ထိုသူသုံးဦးတို့ ၏ဘုရားကဲ့သို့အဘယ်ဘုရားမျှမကယ် တင်နိုင်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ထာဝရဘုရားထံကူမတော် မူရန် လျှောက်ထားကြသူလူအပေါင်းတို့မူကား၊ ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း `ယေရုရှလင်မြို့သူ၊ မြို့သား အချို့တို့သည်အသက်ဘေးနှင့် ကင်းလွတ်ကြလိမ့်မည်။ ငါရွေးချယ်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်' ဟုမိန့်တော်မူ၏။''
ကောရိန္သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။