Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 104:4

Common Language Bible

ကိုယ်​တော်​ရှင်​သည်​လေ​တို့​ကို​စေ​တ​မန်​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ လျှပ်​စစ်​လျှပ်​နွယ်​တို့​ကို​အ​စေ​ခံ​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း​အ​သုံး​ပြု​တော် မူ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​စ​ကား​ပြော​လျက်​ဆက်​လက်​လျှောက် သွား​ကြ​စဉ် ရုတ်​တ​ရက်​သူ​တို့​နှစ်​ယောက်​၏​စပ် ကြား​၌ မီး​မြင်း​များ​က​လျက်​မီး​လျှံ​ထ​နေ သော​ရ​ထား​တစ်​စီး​ပေါ်​လာ​ပြီး​လျှင် ဧ​လိ​ယ အား​လေ​ပွေ​ဖြင့်​ကောင်း​ကင်​ဘုံ​သို့​ဆောင်​ယူ သွား​လေ​၏။-

ထို​နောက်​သူ​သည်``အို ထာ​ဝရ​ဘု​ရား၊ ဤ​သူ​၏ မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ'' ဟု​ဆု​တောင်း​သည် အ​တိုင်း​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​၏​မျက်​စိ ကို​ဖွင့်​တော်​မူ​သ​ဖြင့် သူ​သည်​ဧ​လိ​ရှဲ​၏​ပတ် လည်​တောင်​ကုန်း​ပေါ်​၌ မီး​မြင်း​များ​နှင့်​မီး စစ်​ရ​ထား​များ​ပြည့်​နှက်​လျက်​နေ​သည်​ကို မြင်​လေ​၏။

ထို​သတ္တ​ဝါ​တို့​၏​အ​လယ်​တွင်​မီး​လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​နှင့်​တူ​သည့်​အ​ရာ​တစ်​ခု​သည် အ​စဉ်​ပင်​ရွေ့​လျား​လျက်​နေ​၏။ ထို​အ​ရာ​မှ​မီး​လျှံ​တက်​ပြီး​လျှင်​လျှပ်​စစ်​နွယ်​များ​ထွက်​ပေါ်​လာ​၏။-

ကောင်း​ကင်​တ​မန်​က``ယင်း​တို့​သည်​လေ​လေး​ပါး ဖြစ်​၏။ ထို​လေ​တို့​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး ကို​အ​စိုး​ရ​သော​အ​ရှင်​၏​ရှေ့​တော်​မှောက်​မှ ယ​ခု​ပင်​ထွက်​လာ​ခဲ့​ကြ​၏'' ဟု​ဆို​လေ​သည်။

(ဇဒ္ဒု​ကဲ​တို့​က​သေ​ခြင်း​မှ​ထ​မြောက်​ရှင် ပြန်​ခြင်း​ဟူ​သည်​မ​ရှိ။ ကောင်း​ကင်​တ​မန်​မ​ရှိ။ နာမ်​ဝိ​ညာဉ်​လည်း​မ​ရှိ​ဟု​ဆို​ကြ​၏။ သို့​သော် ဖာ​ရိ​ရှဲ​တို့​က​ထို​အ​ရာ​သုံး​ပါး​လုံး​ပင်​ရှိ သည်​ဟု​ယုံ​ကြည်​လက်​ခံ​ကြ​၏။)-

ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။

ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ​၌ ``ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို လေ​ကဲ့​သို့​ဖြစ်​စေ​တော်​မူ​၏။ မိ​မိ​၏​အ​စေ​ခံ​များ​ကို​မီး​လျှံ​ကဲ့​သို့​ဖြစ်​စေ တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ