ကိုယ်တော်ရှင်သည်ညဥ့်ကိုဖန်ဆင်းတော်မူသဖြင့် မှောက်မိုက်ချိန်တွင်တောတိရစ္ဆာန်အပေါင်းတို့ ထွက်လာကြပါ၏။
ကမ္ဘာတည်သမျှစိုက်ပျိုးရသောအချိန်နှင့် ရိတ်သိမ်းရသောအချိန်ရှိစေမည်။ အအေးနှင့် အပူ၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့ညမပြတ် ရှိစေမည်'' ဟုစိတ်ပြဋ္ဌာန်းတော်မူ၏။
အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊ တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။
နေ့နှင့်ညကိုဖန်ဆင်းတော်မူ၍နေနှင့်လကို နေရာချတော်မူပါ၏။
ငါသည်အလင်းနှင့်အမှောင်ကိုဖန်ဆင်း၏။ ကောင်းကြီးမင်္ဂလာနှင့်ဘေးအန္တရာယ်ကိုပါ ဆောင်ယူပေး၏။ ဤအမှုအရာအပေါင်းကိုငါထာဝရဘုရား ပြုတော်မူပေသည်။
ထာဝရဘုရားက``အမ္မုန်ပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့၏နယ်ချဲ့လိုသော လောဘကြောင့် နယ်ချဲ့စစ်ပွဲများ၌ဂိလဒ် ပြည်သူကိုယ်ဝန်ဆောင်တို့၏ဝမ်းကိုပင် ဖောက်ခွဲကာသတ်ဖြတ်ခဲ့လေပြီ။-