တောဆိတ်တို့သည်တောင်မြင့်များပေါ်တွင် နေကြပါ၏။ ခွေးတူဝက်တူတို့သည် ကျောက်တောင်စောင်းများတွင်ခိုအောင်း ကြပါ၏။
သင်သည် တောဆိတ်မွေးရသောကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရ သောအချိန်ကို မှတ်နိုင်သလော။
မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက် တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တပါး၊
ခွာလည်းမကွဲ၊ စားမြုံ့လည်းမပြန်သောတိရစ္ဆာန် များကိုမစားရ။ ကုလားအုတ်၊ ယုန်၊ ခွေးတူဝက်တူ တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန်တို့သည် စားမြုံ့ပြန်တတ်သော်လည်း ခွာမကွဲသဖြင့် မသန့်သောတိရစ္ဆာန်များဟူ၍မှတ်ရမည်။-
ဣသရေလလက်ရွေးစင်စစ်သည်တော်သုံး ထောင်ကိုခေါ်၍ ဆိတ်ရိုင်းများနေရာကျောက် ဆောင်များတွင် ဒါဝိဒ်နှင့်အပေါင်းပါတို့ အားရှာဖွေရန်ထွက်ခွာသွားတော်မူသည်။-