Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 103:2

Common Language Bible

အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို​မ​မေ့​မ​လျော့​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဟေ​ဇ​ကိ​မင်း​သည်​မာန်​မာ​န​ရှိ သ​ဖြင့် ခံ​စား​ရ​သော​ကျေး​ဇူး​တော်​အ​တွက် ကျေး​ဇူး​တော်​ကို​မ​ချီး​မွမ်း။ ထို​ကြောင့်​ယု​ဒ ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လေ​သည်။-

ကိုယ်​တော်​၏​အ​စေ​ခံ​အာ​ဗြ​ဟံ​၏​အ​မျိုး အ​နွယ်​တို့၊ ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​သော​ယာ​ကုပ်​၏ သား​မြေး​တို့၊ သင်​တို့​သည်​ကိုယ်​တော်​ပြ​တော်​မူ​သည့် အံ့​သြ​ဖွယ်​ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​လည်း​ကောင်း၊ ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား​စီ​ရင်​ချက် တို့​ကို​လည်း​ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။

အီ​ဂျစ်​ပြည်​တွင်​အံ့​သြ​ဖွယ်​ကောင်း​သော အ​မှု​တော်​များ​ဖြင့် မိ​မိ​တို့​အား​ကယ်​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။

ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​မှု​တော်​ကို​နား​မ​လည်​ကြ​ပါ။ သူ​တို့​အား​ကြိမ်​ဖန်​များ​စွာ​ပြ​တော်​မူ​သော မေတ္တာ​တော်​ကို​မေ့​လျော့​ကြ​ပါ​၏။ ထို​နောက်​ပင်​လယ်​နီ​အ​နီး​တွင်​အ​နန္တ တန်​ခိုး​ရှင်​ကို ပုန်​ကန်​ကြ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​ပြု​တော်​မူ​သော ကျေး​ဇူး​များ​အ​တွက်​ငါ​သည်​ကိုယ်​တော်​အား အ​ဘယ်​အ​ရာ​ကို​ပူ​ဇော်​ရ​ပါ​မည်​နည်း။

ဧ​ဒုံ​ပြည်၊ ဗော​ဇ​ရ​မြို့​မှ​လာ​သော​သူ​ကား အ​ဘယ်​သူ​နည်း။ လှ​ပ​တင့်​တယ်​စွာ​နီ​မြန်း သော​အ​ဝတ်​ကို​ဝတ်​ဆင်​ထား​လျက်​ခွန်​အား စွမ်း​ရည်​အ​ပြည့်​အ​ဝ​နှင့်​ချီ​တက်​လာ​သူ ကား​အ​ဘယ်​သူ​နည်း။ ထို​သူ​သည်​မိ​မိ​၏​အောင်​ပွဲ​ကို​ကြေ​ညာ ရန်​ကြွ​လာ​သည့်​အ​ရှင်၊ ကယ်​တင်​ပိုင်​သော တန်​ခိုး​တော်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပေ တည်း။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပျက်​ကွက်​ခြင်း မ​ရှိ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။ ငါ​တို့​အ​ဖို့​ပြု​တော်​မူ​ခဲ့​သော​အ​မှု​တော် အ​ပေါင်း အ​တွက်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​မေတ္တာ က​ရု​ဏာ​တော်​ကို​ထောက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး မင်္ဂ​လာ ကြွယ်​ဝ​စွာ​ချ​ပေး​တော်​မူ​ပြီ။

သူ​တို့​သည်​တန်​ခိုး​ကြီး​သည့်​ကယ်​တင်​ရှင်၊ မိ​မိ​တို့​ကို​ဖြစ်​ပွား​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။

မိုက်​မဲ​၍​အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ဤ​ကဲ့​သို့​ကျေး​ဇူး​ဆပ်​သင့်​သ​လော။ ကိုယ်​တော်​သည်​သင်​တို့​ကို​ဖန်​ဆင်း​သော​အ​ရှင်၊ သင်​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​၏။ သင်​တို့​အား​လူ​မျိုး​တစ်​မျိုး​အ​ဖြစ် ပေါ်​ထွန်း​စေ​တော်​မူ​၏။

ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​သင်​တို့​ကို​ထုတ် ဆောင်​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​ရန်​သ​တိ​ပြု​ကြ​လော့။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တိုက်​ပွဲ​ဝင်​ရန် သန္နိ​ဋ္ဌာန်​ချ​မှတ်​ကြ​၏။ ပြည်​သူ​တို့​က​လည်း​စေ​တ​နာ​အ​လျောက် ဝမ်း​မြောက်​စွာ​ပါ​ဝင်​ဆင်​နွှဲ​ကြ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

ငါ​၏​စိတ်​နှ​လုံး​သည်​ဣ​သ​ရေ​လ​စစ်​သူ​ကြီး များ ထံ​သို့​လည်း​ကောင်း၊ စေ​တ​နာ​စိတ်​နှင့်​စစ်​ပွဲ​ဝင်​ကြ​သည့်​ပြည်​သူ များ ထံ​သို့​လည်း​ကောင်း​နူး​ညွတ်​လျက်​ရှိ​ပါ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ