Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 103:19

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​ဘုံ​တွင်​ထား​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​စကြ​ဝ​ဠာ​ကို​အ​စိုး​ရ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး တော်​ဘုန်း​အ​သ​ရေ​တော်၊ အ​ရောင်​အ​ဝါ​တော်၊ အာ​နု​ဘော်​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။ ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ပိုင်​တော်​မူ​၍ ကိုယ်​တော်​ရှင်​သည် လူ​ခပ်​သိမ်း​တို့​အား​အ​ချုပ်​အ​ခြာ​အာ​ဏာ တော်​ဖြင့်​အ​စိုး​ရ​သည့်​ဘုရင်​ဖြစ်​တော်​မူ​ပါ ၏။-

စည်း​စိမ်​ချမ်း​သာ​နှင့်​ပစ္စည်း​ဥစ္စာ​ပေါ​များ ကြွယ်​ဝ​မှု​မှန်​သ​မျှ​ကို​ကိုယ်​တော်​ရှင်​ပေး တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​ရာ​ခပ် သိမ်း​တို့​ကို​ခွန်​အား​စွမ်း​ရည်​တန်​ခိုး​နှင့် အ​စိုး​ရ​တော်​မူ​၍ မည်​သူ့​ကို​မ​ဆို​ကြီး မြတ်​၍​သန်​စွမ်း​မှု​ကို​ပေး​တော်​မူ​ပါ​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​ကောင်း​ကင်​ဘုံ တွင် ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​စစ်​ဆေး ကြည့်​ရှု​တော်​မူ​၍ သူ​တို့​ပြု​သော​အ​မှု​အ​ရာ​များ​ကို​သိ​မြင် တော်​မူ​၏။

ငါ​တို့​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော်​မူ​၍ အ​လို​တော်​အ​ရ​ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​တော်​မူ​၏။

ကောင်း​ကင်​ဘုံ​ရှိ​ပလ္လင်​တော်​ပေါ်​မှာ​ထာ​ဝ​ရ ဘု​ရား​သည် ပြုံး​ရယ်​တော်​မူ​လျက် ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ပြက်​ရယ်​ပြု တော်​မူ​၏။

အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား သည် ကြောက်​မက်​ဖွယ်​ကောင်း​ပေ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်​ဖြစ်​တော် မူ​၏။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​မူ​ကား​ထာ​ဝ​ရ ဘု​ရင် ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​တ​ရား​စီ​ရင်​ရန်​ပလ္လင်​တော်​ကို တည်​တော်​မူ​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​က``ကောင်း​ကင်​ဘုံ​သည်​ငါ ၏​ရာ​ဇ​ပလ္လင်​ဖြစ်​၍​ကမ္ဘာ​မြေ​ကြီး​သည် ငါ ၏​ခြေ​တင်​ခုံ​ဖြစ်​၏။ ထို​ကြောင့်​သင်​တို့​သည် ငါ​၏​အ​တွက်​အ​ဘယ်​သို့​သော​ဗိ​မာန်၊ ငါ ကျိန်း​ဝပ်​ရန်​အ​တွက်​အ​ဘယ်​သို့​သော အ​ဆောက်​အ​ဦး​ကို​တည်​ဆောက်​နိုင်​ကြ ပါ​မည်​နည်း။-

ဤ​ကား​နိုး​ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင် တ​မန်​များ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​တည်း။ သို့ ဖြစ်​၍​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင် သည် လော​ကီ​နိုင်​ငံ​များ​အ​ပေါ်​သို့​တန်​ခိုး အာ​ဏာ​လွှမ်း​မိုး​တော်​မူ​နိုင်​ကြောင်း​ကို​လည်း ကောင်း၊ ကိုယ်​တော်​သည်​အ​သိမ်​ငယ်​ဆုံး​သော သူ​ကို​ပင်​လျှင်​ရွေး​ချယ်​၍​မင်း​မြှောက်​တော် မူ​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ရပ်​တ​ကာ ရှိ​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​၏။

အ​ရှင်​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​ထဲ​မှ​နှင် ထုတ်​ခြင်း​ကို​ခံ​ရ​၍ တော​တိ​ရစ္ဆာန်​များ​နှင့် အ​တူ​နေ​ရ​လိမ့်​မည်။ နွား​ကဲ့​သို့​မြက်​ကို စား​လျက်​ခု​နစ်​နှစ်​တိုင်​တိုင်​ဆီး​နှင်း​များ ဖြင့်​စို​စွတ်​ကာ အ​မိုး​အ​ကာ​မ​ရှိ​သည့် အ​ရပ်​တွင်​အိပ်​စက်​ရ​လိမ့်​မည်။ ထို​နောက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် လော​ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ​မည်​သူ​ကို​မ​ဆို​မင်း မြှောက်​တော်​မူ​နိုင်​ကြောင်း​ကို​အ​ရှင် ဝန်​ခံ​ပါ​လိမ့်​မည်။-

ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။

ယ​ခု​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​အ​ရာ​များ တွင် အ​ရေး​ကြီး​သည့်​အ​ချက်​မှာ ငါ​တို့​တွင်​ထို​သို့ သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​ခြင်း​ပင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ​ဘုန်း​တန်​ခိုး​ရှင် ၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌​ထိုင်​နေ​တော်​မူ​၏။-

ထို​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​သို့​ဝင်​တော်​မူ ၍ ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​လက်​ယာ​တော် ဘက်​တွင်​ရှိ​တော်​မူ​ပြီး​လျှင်​ကောင်း​ကင်​တ​မန် များ၊ ကောင်း​ကင်​အာ​ဏာ​ပိုင်​များ​နှင့်​တန်​ခိုး ရှင်​များ​ကို​အုပ်​စိုး​၍​နေ​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ