Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 103:15

Common Language Bible

ငါ​တို့​၏​ဘ​ဝ​အ​သက်​တာ​သည်​မြက်​ပင်​နှင့် တူ​၏။ ငါ​တို့​သည်​တော​ပန်း​ကဲ့​သို့​ကြီး​ထွား ပွင့်​လန်း​လျက်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​နိုင်​ငံ​သည်​အ​မ​င်္ဂ​လာ​ရှိ​၏။ မိ​မိ ၏​သေ​သောက်​ကြူး​သော​ခေါင်း​ဆောင်​များ​ဆောင်း ထား​သည့်​ပန်း​ဦး​ရစ်​များ​နွမ်း​သ​ကဲ့​သို့၊ ထို နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​သည်​ညှိုး​နွမ်း​လျက် နေ​၏။ ထို​ခေါင်း​ဆောင်​တို့​သည်​ဝင့်​ဝါ​မော်​ကြွား ကာ၊ မိ​မိ​တို့​ဦး​ခေါင်း​ကို နံ့​သာ​ဆီ​မွှေး​ကောင်း စွာ​လိမ်း​၍​ထား​ကြ​သော်​လည်း​သေ​သောက် ကြူး​ကာ​လဲ​၍​နေ​ကြ​၏။-

မာန်​မာ​န​ထောင်​လွှား​သူ​ခေါင်း​ဆောင်​များ ၏​မှေး​မှိန်​လျက်​နေ​သော​ဂုဏ်​အ​သ​ရေ​သည် မှည့်​သည်​နှင့်​တစ်​ပြိုင်​နက်​ခူး​ဆွတ်​စား​သုံး လိုက်​သည့်​ရာ​သီ​စာ​သ​င်္ဘော​သ​ဖန်း​သီး များ​ကဲ့​သို့​ကွယ်​ပျောက်​၍​သွား​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က၊ ``သင်​တို့​ကို​ခွန်​အား​ဖြင့်​ပြည့်​ဝ​စေ​သူ​မှာ​ငါ​ပင် ဖြစ်​၏။ မြက်​ပင်​တ​မျှ​သာ​အ​သက်​ရှည်​သူ သေ​မျိုး​လူ​သား​အား၊သင်​တို့​သည်​အ​ဘယ်​ကြောင့် ကြောက်​လန့်​ရ​ပါ​မည်​နည်း။

ကိုယ်​တော်​သည်​ပင်​လယ်​ကို​အ​မိန့်​ပေး​တော်​မူ သော​အ​ခါ​ပင်​လယ်​ရေ​သည်​ခန်း​ခြောက်​၍ သွား​၏။ ကိုယ်​တော်​သည်​မြစ်​တို့​ကို​လည်း ရေ​ကုန်​ခန်း​စေ​တော်​မူ​၏။ ဗာ​ရှန်​တောင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​ကာ က​ရ​မေ​လ​တောင်​သည်​အ​ညို​ရောင်​သန်း​၍ သွား​၏။ လေ​ဗ​နုန်​တောင်​မှ​ပန်း​များ​သည်​လည်း ညှိုး​နွမ်း​ကြ​ကုန်​၏။

``လူ​သား​အ​ပေါင်း​တို့​သည်​မြက်​ပင်​နှင့်​လည်း ကောင်း၊ သူ​တို့​၏​ဘုန်း​အ​သ​ရေ​သည်​မြက်​ပွင့် နှင့်​လည်း​ကောင်း​တူ​ကြ​၏။ မြက်​ပင်​သည်​ညှိုး​နွမ်း​ခြောက်​သွေ့​၍​သွား​တတ်​၏။ မြက်​ပွင့်​များ​သည်​လည်း​ကြွေ​၍​ကျ​တတ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ