Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 103:13

Common Language Bible

ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည် မြင့်​မား​သည်​နှင့်​အ​မျှ ကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့ ရို​သေ​ကြ​သူ​တို့​အ​တွက် ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​မူ​ကား ထာ​ဝ​စဉ်​ခိုင်​မြဲ​ပေ​သည်။ ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​၍​ပ​ညတ်​တော်​တို့​ကို သစ္စာ​နှင့်​လိုက်​နာ​ကျင့်​သုံး​ကြ​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​၏​ကျေး​ဇူး​က​ရု​ဏာ​တော်​သည် သား​စဉ်​မြေး​ဆက်​သက်​ရောက်​သတည်း။

သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။

ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သူကို ဆုံးမ တော်မူတတ်၏။

``အို ဣ​သ​ရေ​လ၊သင်​သည်​ငါ​၏​အ​ချစ်​ဆုံး​သား၊ ငါ​၏​အ​မြတ်​နိုး​ဆုံး​သား​ဖြစ်​၏။ ငါ​သည်​သင်​၏​နာ​မည်​ကို​ထုတ်​ဖော်​၍ ပြော​ဆို​ရ​သည့်​အ​ခါ​တိုင်း​သင့်​အား​လွမ်း​ဆွတ် သ​တိ​ရ​လျက်​နေ​၏။ ငါ​သည်​သင့်​အား​ချစ်​ခင်​စွဲ​လန်း​သည်​ဖြစ်​၍ က​ရု​ဏာ​ထား​မည်။

သူ​တို့​အား​ငါ​ပြန်​လည်​ခေါ်​ဆောင်​လာ​စဉ် ငါ​၏​လူ​မျိုး​တော်​သည်​ငို​ကြွေး​လျက်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​ပြန်​လာ​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​အား​စမ်း​ရေ​ရှိ​ရာ​အ​ရပ်​များ သို့​လည်း​ကောင်း၊ သူ​တို့​ခြေ​ချော်​၍​မ​လဲ​စေ​ရန် လမ်း​ကောင်း​များ​ဖြင့်​လည်း​ကောင်း​ခေါ်​ဆောင်​မည်။ ငါ​သည်​ဣ​သ​ရေ​လ​လူ​မျိုး​၏​အ​ဘ​သ​ဖွယ် ဖြစ်​၍ ဧ​ဖ​ရိမ်​အ​နွယ်​သည်​ငါ​၏​သား​ဦး​ဖြစ်​၏။''

သို့​ရာ​တွင်​ယင်း​သို့​ဖြစ်​စေ​ကာ​မူ​သူ​တို့​သည် ရန်​သူ​၏​ပြည်​တွင်​နေ​ထိုင်​ရ​စဉ် ငါ​သည်​သူ​တို့ ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​မည်​မ​ဟုတ်။ ဖျက်​ဆီး ပစ်​မည်​လည်း​မ​ဟုတ်။ အ​ကယ်​၍​ငါ​သည်​သင် တို့​ကို​အ​ပြီး​အ​ပိုင်​စွန့်​ပစ်​ပါ​မူ ငါ​နှင့်​သူ​တို့ ပြု​သော​ပ​ဋိ​ညာဉ်​သည်​ပျက်​ပြယ်​လိမ့်​မည်။ ငါ သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။-

ငါ​၏​စ​ကား​တော်​ကို​ရို​သေ​သူ​သင်​တို့ အ​ဖို့​မှာ​မူ​ကား ငါ​၏​ကယ်​တင်​ခြင်း​တန် ခိုး​သည်​နေ​မင်း​သ​ဖွယ် သူ​တို့​အ​ပေါ်​၌ ထွန်း​လင်း​လျက်​နေ​ရောင်​ခြည်​သ​ဖွယ် သင် တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​လိမ့်​မည်။ သင်​တို့​သည်​တင်း​ကုပ်​မှ​လွှတ် ထုတ်​လိုက်​သည့်​နွား​ငယ်​များ​ကဲ့​သို့​လွတ် လပ်​ပျော်​ရွှင်​စွာ​ခုန်​ပေါက်​လျက်​နေ​လိမ့်​မည်။-

အ​ကျွန်ုပ်​သည်​သူ​တို့​ကို​ဝမ်း​နှင့်​လွယ်​၍​မွေး ထုတ်​ရ​သူ​ဖြစ်​ပါ​သ​လော။ ကိုယ်​တော်​သည်​သူ တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား တော်​မူ​သော​ပြည်​သို့​သွား​ရာ​လမ်း​တစ်​လျှောက် လုံး​တွင် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​က​လေး ထိန်း​သ​ဖွယ်​သူ​တို့​ကို​ပိုက်​ချီ​ဆောင်​ယူ​သွား စေ​ပါ​သ​နည်း။-

(ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့ သည်​ထို​သို့​စိုး​ရိမ်​တတ်​ကြ​သည်) ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​ထို​အ​ရာ​အား​လုံး​ကို​သင် တို့​လို​ကြောင်း​သိ​တော်​မူ​၏။-

သို့​ဖြစ်​၍​သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ `ကောင်း​ကင်​ဘုံ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​အ​ဖ၊ကိုယ်​တော်​၏ နာ​မ​တော်​အား​ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။

သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ကိုင်​ဆွဲ​၍​မ​ထား​နှင့်။ ငါ​သည်​ခ​မည်း​တော်​၏​ထံ​သို့​မ​တက်​ရ​သေး။ သို့​သော်​ငါ​၏​ညီ​များ​ထံ​သို့​သွား​၍​ငါ့​အ​ဖ တည်း​ဟူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထံ​တော် သို့​ငါ​တက်​သွား​ရ​မည့်​အ​ကြောင်း​ကို​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။

``အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သူ​ငါ့​ညီ​အစ်​ကို တို့​နှင့် ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သူ​အ​ခြား အ​မျိုး​သား​တို့၊ ဤ​ကယ်​တင်​ခြင်း​ဆိုင်​ရာ တ​ရား​ကို​ငါ​တို့​ထံ​သို့​ရောက်​ရှိ​လာ​စေ​၏။-

ထို​မြို့​အား​လုံး​တို့​သည်​မြင့်​မား​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ​နှင့်​မြို့​တံ​ခါး​ကန့်​လန့်​ကျင် များ​ရှိ​သ​ဖြင့် ခိုင်​ခံ့​သော​မြို့​များ​ဖြစ်​ကြ သည်။ အ​ကာ​အ​ကွယ်​ကင်း​မဲ့​သော​ကျေး​ရွာ များ​လည်း​အ​မြောက်​အ​မြား​ရှိ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ