Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဆာ​လံ 102:3

Common Language Bible

ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည် မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​လျက် ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​လျက်​နေ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။

ကွန်​တော်​မျိုး​သည်​စွန့်​ပစ်​ထား​သည့်​သား​ရေ ဘူး​ကဲ့​သို့ အ​သုံး​မ​ဝင်​တော့​ပါ။ သို့​သော်​လည်း​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို မ​မေ့​မ​လော့​ပါ။

ကျွန်​တော်​မျိုး​အား​မျက်​နှာ​တော်​ကို​လွှဲ​တော် မ​မူ​ပါ​နှင့်။ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​အား​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

ဝမ်း​နည်း​ကြေ​ကွဲ​မှု​ကြောင့်​ကျွန်​တော်​မျိုး မော​ပန်း​နွမ်း​လျ​လျက်​ရှိ​ပါ​၏။ ငို​ယို​မှု​ကြောင့်​ကျွန်​တော်​မျိုး​အ​သက်​တို ရ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မိ​မိ​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​ကြောင့်​အား​အင်​ချိ​နဲ့​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​ပင်​လျှင် ဆွေး​မြေ့​ကုန်​ပါ​ပြီ။

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကျောက်​နှင့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကျွန်​တော်​မျိုး​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​ပါ။

သူ​ယုတ်​မာ​တို့​မူ​ကား​သေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​ရန်​ဘက်​ပြု​သူ​တို့​သည် တော​ပန်း​များ​ကဲ့​သို့​ပျောက်​ကွယ်​ကြ​လိမ့်​မည်။ မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​ကြ​လိမ့်​မည်။

ကိုယ်​တော်​၏​အ​မျက်​တော်​ကြောင့်​ကျွန်​တော်​မျိုး​သည် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​ပါ​၏။ မိ​မိ​၏​အ​ပြစ်​များ​ကြောင့်​တစ်​ကိုယ်​လုံး ရော​ဂါ​စွဲ​လျက်​နေ​ပါ​၏။

``ကိုယ်​တော်​သည်​အ​ထက်​မှ​မီး​ကို စေ​လွှတ်​တော်​မူ​သ​ဖြင့်​ထို​မီး​သည်​ငါ​၏​ကိုယ်​ခန္ဓာ အ​တွင်း​၌​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​သည်​ငါ့​အား​ထောင်​ချောက်​ထောင်​၍ ဖမ်း​ပြီး​လျှင်​မြေ​ပေါ်​သို့​လှဲ​ချ​တော်​မူ​ပါ​၏။ ထို​နောက်​စွန့်​ပစ်​တော်​မူ​ကာ​တစ်​နေ့​လုံး ဝေ​ဒ​နာ​ခံ​၍​နေ​စေ​တော်​မူ​ပါ​၏။''

ကိုယ်​တော်​သည်​ငါ​၏​အ​သား​ကို​ကွဲ​ပြဲ​စေ​ကာ အ​ရိုး​တို့​ကို​ချိုး​၍​ထား​တော်​မူ​ပါ​၏။

သင်​တို့​သည်​နက်​ဖြန်​နေ့​၌​မည်​သို့​ဖြစ်​မည်​ကို ပင်​မ​သိ​နိုင်​ကြ။ လူ့​ဘ​ဝ​ဟူ​သည်​ခေတ္တ​ခ​ဏ မျှ​သာ​ပေါ်​လာ​ပြီး​နောက်​ပျောက်​ကွယ်​သွား တတ်​သည့်​မီး​ခိုး​နှင့်​တူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ