ဆာလံ 100:4Common Language Bibleကျေးဇူးတော်ကိုချီးမွမ်းလျက်တံခါးတော် တွင်းသို့ ဝင်ကြလော့။ ထောမနာပြုလျက်တံတိုင်းတော်တွင်းသို့ဝင်ကြလော့။ ကျေးဇူးတော်ကိုချီးမွမ်း၍ကိုယ်တော်အား ထောမနာပြုကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဒါဝိဒ်သည်လူတို့အား``သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထို အခါလူထုတစ်ရပ်လုံးသည် မိမိတို့၏ ဘိုးဘေးများ၏ဘုရားသခင်ဖြစ်တော် မူသောထာဝရဘုရားကိုထောမနာ ပြုကြကုန်၏။ သူတို့သည်ထာဝရဘုရား ၏ရှေ့တော်နှင့်မိမိတို့၏ဘုရင့်ရှေ့တော် တွင်ဦးညွှတ်ပျပ်ဝပ်ကြကုန်၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ဆုတောင်းပတ္ထနာများကို နားညောင်းတော်မူတတ်သဖြင့် ကျွန်တော်မျိုးတို့သည်ဇိအုန်တောင်တော် ပေါ်တွင် ကိုယ်တော်ရှင်အားထောမနာပြုထိုက်ပါ၏။ မိမိတို့ပြုခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေ ထိုက်ပါ၏။ လူအပေါင်းတို့သည်မိမိတို့၏အပြစ်များ အတွက် ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်ကြပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏မှားယွင်းချက်များသည် အလွန်ပင်များသော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အပြစ်ဖြေလွှတ်တော်မူပါ၏။