ဆာလံ 10:9Common Language Bibleသူသည်သားကောင်ကိုဖမ်းဆီးရန်သားရဲတွင်း၌ ချောင်းမြောင်းနေသောခြင်္သေ့ကဲ့သို့ဝပ်၍နေ တတ်၏။ သူသည်ဆင်းရဲသူများကိုချောင်းမြောင်း၍ မိမိပိုက်ကွန်တွင်ဖမ်းဆီးပြီးလျှင်ဆွဲယူ သွားတတ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
ကျွန်တော်မျိုးအားထိုသူတို့တိုက်ခိုက်ရန် စောင့်လျက် နေကြသည်ကိုကြည့်တော်မူပါ။ ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား တိုက်ခိုက်ရန်စုရုံးကြပါ၏။ အို ဘုရားသခင်၊ ထိုသူတို့သည်ကျွန်တော်မျိုးအားတိုက်ခိုက်ရန် လျင်မြန်စွာနေရာယူစုရုံးကြသည်မှာ ကျွန်တော်မျိုး၏ချွတ်ယွင်းမှုတစ်စုံတစ်ရာ ကြောင့် မဟုတ်ပါ။ ကျွန်တော်မျိုးပြုမိသည့်အပြစ်နှင့် မှားယွင်းမှုကြောင့်လည်းမဟုတ်ပါ။
သူတို့၏တောင်းလျှောက်ချက်ကိုမလိုက်လျော ပါနှင့်။ လမ်းတွင်လူလေးဆယ်ကျော်ပုန်းကွယ် ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိပါ၏။ ထိုသူ တို့သည်ပေါလုကိုမသတ်ရမချင်း မစား မသောက်ဘဲနေမည်ဟုအဋ္ဌိဋ္ဌာန်ပြုထား ကြပါ၏။ ယခုပင်သူတို့သည်ပေါလုကို သတ်ရန်အသင့်ပြင်ဆင်ကာ အရှင်၏ဆုံး ဖြတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိနေကြပါ ပြီ'' ဟုလျှောက်၏။