Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဂ​လာ​တိ 5:25

Common Language Bible

ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား​အ​သက်​ရှင်​စေ​ပြီ။ ဝိ​ညာဉ်​တော်​ဦး​ဆောင်​လမ်း​ပြ​တော်​မူ​သည် အ​တိုင်း​ကျင့်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​က​သာ​လျှင် အ​သက်​ကို​ရှင်​စေ​နိုင်​၏။ လူ​တို့​၏​တန်​ခိုး စွမ်း​ရည်​မူ​ကား​မည်​သို့​မျှ​မ​တတ်​နိုင်။ သင် တို့​အား​ငါ​ပြော​သော​စ​ကား​သည်​အ​သက် ရှင်​စေ​သည့်​ဝိ​ညာဉ်​တော်​နှင့်​သက်​ဆိုင်​၏။-

သို့​သော်​သင်​တို့​တွင်​ခ​ရစ်​တော်​ကျိန်း​ဝပ်​တော် မူ​လျှင်​အ​ပြစ်​တ​ရား​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ သေ​ရ​မည်​ဖြစ်​သော်​လည်း​သင်​တို့​၏​ဝိ​ညာဉ်​မူ ကား​ရှင်​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ပြီး​သော​ကြောင့်​တည်း။-

အ​ဘယ်​ကြောင့်​ဆို​သော်​ခရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့် ဝိ​ညာဉ်​တော်​နှင့် ဆိုင်​သော​တ​ရား​သည်​သေ​ခြင်း​တ​ရား​နှင့် အ​ပြစ် တ​ရား​၏​လက်​မှ​ငါ​တို့​ကို​လွတ်​မြောက်​စေ​သော ကြောင့်​တည်း။-

ကျမ်း​စာ​တော်​တွင် ``ပ​ထ​မ​လူ​အာ​ဒံ​သည် အ​သက်​ရှင်​သော​သတ္တ​ဝါ​ဖြစ်​လာ​၏'' ဟု​ဖော် ပြ​၏။ နောက်​ဆုံး​ဖြစ်​သော​အာ​ဒံ​သည်​ကား အ​သက်​ရှင်​စေ​တတ်​သော​ဝိ​ညာဉ်​ဖြစ်​၏။-

ငါ​တို့​သည်​ပ​ဋိ​ညာဉ်​တ​ရား​သစ်​အ​တွက် အ​မှု​တော်​ထမ်း​ဆောင်​နိုင်​ရန် ကိုယ်​တော်​သည် ငါ​တို့​အား​စွမ်း​ရည်​သတ္တိ​များ​ကို​ပေး​တော် မူ​၏။ ထို​ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကား​အက္ခ​ရာ တင်​ထား​သည့်​ပ​ညတ်​တ​ရား​မ​ဟုတ်။ ဝိ​ညာဉ် တော်​တ​ရား​ဖြစ်​၏။ အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​သည်​အ​သက်​သေ​စေ​တတ်​၏။ ဝိ​ညာဉ် တော်​မူ​ကား​အ​သက်​ရှင်​စေ​တတ်​သ​တည်း။

ငါ​ဆို​သည်​ကား​ဝိ​ညာဉ်​တော်​ညွှန်​ကြား​သည့် အ​တိုင်း​ကျင့်​ကြ​လော့။ လူ့​ဇာ​တိ​အ​လို​သို့ မ​လိုက်​ကြ​နှင့်။-

အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​အ​စစ်​အ​မှန်​ကို ခံ​ရ​သော​သူ​တို့​ကား​ထို​သူ​တို့​မ​ဟုတ်​ဘဲ​ငါ တို့​သာ​လျှင်​ဖြစ်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​တို့​သည်​ကိုယ်​တော်​၏​ဝိ​ညာဉ်​တော် အား​ဖြင့်​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ရ​၍​ရွှင်​လန်း​ဝမ်း​မြောက်​သူ​များ​ဖြစ် သော​ကြောင့်​တည်း။ ငါ​တို့​သည်​ပြင်​ပ​လက္ခ​ဏာ များ​ကို​မ​ကိုး​စား။-

ဤ​အ​ကြောင်း​ကြောင့်​သေ​လွန်​သူ​တို့​သည်​ဘု​ရား သ​ခင်​ဝိ​ညာဉ်​အား​ဖြင့်​အ​သက်​ရှင်​နိုင်​ကြ​စေ ရန် သူ​တို့​အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရ ခြင်း​ဖြစ်​၏။ ထို​သူ​တို့​သည်​ကာ​ယ​အား​ဖြင့် အ​သက်​ရှင်​စဉ်​အ​ခါ​က​လူ​တိုင်း​နည်း​တူ အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ခဲ့​ရ​သူ​များ​ဖြစ် သည်။

ထို​နောက်​သုံး​ရက်​ခွဲ​ကြာ​သော​အ​ခါ​ဘု​ရား သခင်​၏​ထံ​တော်​မှ​အ​သက်​ဝိ​ညာဉ်​သည် ထို​သူ တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့်​သူ​တို့​သည်​ထ​၍ မတ်​တတ်​ရပ်​ကြ​၏။ ဤ​အ​ချင်း​အ​ရာ​ကို တွေ့​မြင်​သူ​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် လည်း​ထိတ်​လန့်​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ