Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဂ​လာ​တိ 5:14

Common Language Bible

``သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် လော့'' ဟူ​သော​ပ​ညတ်​သည်​ပ​ညတ်​တ​ရား​၏ အ​ချုပ်​အ​ခြာ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​အား​လက်​စား​မ​ချေ​ရ။ ရန်​ငြိုး မ​ထား​ရ။ အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။

သူ​တို့​အား​တိုင်း​ရင်း​သား​ချင်း​ကဲ့​သို့​ဆက်​ဆံ​၍ ကိုယ်​နှင့်​အ​မျှ​ချစ်​ခင်​ရ​မည်။ သင်​တို့​သည်​လည်း အီ​ဂျစ်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နေ ထိုင်​ခဲ့​ရ​ဖူး​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။

``သင်​တို့​သည်​မိ​မိ​တို့​အား​ကျေး​ဇူး​ပြု​စေ​လို​သည့် အ​တိုင်း သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​ကြ​လော့။ ဤ​ကား​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏ သွန်​သင်​ချက်​အ​ချုပ်​အ​ခြာ​ဖြစ်​သ​တည်း။

`အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်' ဟူ သော​ပ​ညတ်​သည်​ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး ပ​ညတ်​ဖြစ်​၏။ ဤ​ပ​ညတ်​နှစ်​ပါး​ထက်​ပို​၍​ကြီး မြတ်​သော​ပ​ညတ်​ကား​မ​ရှိ'' ဟု​ဖြေ​ကြား​တော် မူ​၏။

ဘု​ရား​သ​ခင်​အား​စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်။ အိမ်​နီး ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် နှစ်​ပါး​ကို​လိုက်​နာ​ခြင်း​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​သည့်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ယဇ်​အ​ပေါင်း တို့​ထက်​ပို​၍​မြတ်​ပါ​၏'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။

အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော​ပ​ညတ်​သစ် ကို​သင်​တို့​အား​ငါ​ပေး​၏။ ငါ​သည်​သင်​တို့​ကို ချစ်​သည်​နည်း​တူ​သင်​တို့​သည်​လည်း​အ​ချင်း ချင်း​ချစ်​ကြ​ရ​မည်။-

ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​အား ခေါ်​ယူ​တော်​မူ​သော​အ​ရှင်​ကို သင်​တို့​သည်​ဤ မျှ​ဆော​လျင်​စွာ​စွန့်​ပစ်​ကြ​ပြီး​လျှင် အ​ခြား သ​တင်း​ကောင်း​တစ်​မျိုး​ကို​နာ​ယူ​လျက်​ရှိ​ကြ သ​ဖြင့်​ငါ​အံ့​သြ​မိ​၏။-

အ​ချင်း​ချင်း​၏​ဝန်​များ​ကို​ကူ​ညီ​ထမ်း​ရွက် သော​အား​ဖြင့် ခ​ရစ်​တော်​၏​တ​ရား​တော်​ကို ကျင့်​ကြ​လော့။-

ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ