ဂလာတိ 5:11Common Language Bibleသို့ရာတွင်ညီအစ်ကိုတို့၊ အကယ်၍ ငါသည် အရေဖျားလှီးမင်္ဂလာကိုဆက်လက်ဟောပြော နေသည်ဟုဆိုသည်မှာမှန်လျှင် အဘယ်ကြောင့် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်နေရပါသေး သနည်း။ အကယ်၍ယင်းသို့ဟောပြောသည်ဟု ဆိုသည်မှာမှန်လျှင် ခရစ်တော်၏လက်ဝါးကပ် တိုင်တရားတော်အကြောင်း ငါဟောပြောမှု သည်ဒုက္ခပေးလိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။ |
`သင်သည်လူမျိုးခြားတို့အထဲတွင်နေထိုင် ကြသောယုဒအမျိုးသားများအား သင်တို့ ၏ကလေးများကိုအရေဖျားလှီးမင်္ဂလာ မပေးကြနှင့်။ သင်တို့သည်ယုဒထုံးတမ်း စဉ်လာများကိုမလိုက်နာကြနှင့်' ဟုဆိုကာ မောရှေ၏တရားကိုစွန့်ပယ်စေရန်သွန်သင် လျက်ရှိကြောင်းထိုသူတို့ကြားသိကြ၏။-
သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။-
ငါတို့အသိုင်းအဝိုင်းထဲသို့ဝင်ရောက်လာ သူယုံကြည်သူအယောင်ဆောင်အချို့တို့က ငါ၏အဖော်တိတုအားအရေဖျားလှီး မင်္ဂလာကိုပေးစေလိုကြ၏။ သူသည်ဂရိ အမျိုးသားပင်ဖြစ်သော်လည်း ငါသည် သူ့အားအရေဖျားလှီးမင်္ဂလာကိုအတင်း မခံစေပါ။ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းရှိခြင်းအားဖြင့် ငါတို့ရရှိသော လွတ်လပ်မှုကိုလျှို့ဝှက်စွာစုံစမ်းလိုသဖြင့် ထိုသူတို့သည်ငါတို့အသိုင်းအဝိုင်းထဲ သို့ဝင်ရောက်လာကြခြင်းဖြစ်သည်။ သူတို့ ကငါတို့အားကျွန်ဖြစ်စေလိုကြ၏။-
သင်တို့အားအရေဖျားလှီးမင်္ဂလာခံရန် အနိုင် အထက်တိုက်တွန်းကြသူတို့သည် ပြင်ပအမှတ် လက္ခဏာများအတွက် ဂုဏ်ယူပြစားလိုသူများ ဖြစ်ပေသည်။ သို့ရာတွင်ဤသို့ပြုရခြင်းမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်တရားတော် အတွက် သူတို့ကိုယ်တိုင်ညှဉ်းဆဲနှိပ်စက်ခြင်း ခံကြရမည်စိုးသောကြောင့်ဖြစ်၏။-