Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဂ​လာ​တိ 4:25

Common Language Bible

ဟာ​ဂ​ရ​သည်​အာ​ရေ​ဗျ​ပြည်​တွင်​ရှိ​သော​သိ​န တောင်​ကို​ကိုယ်​စား​ပြု​၏။ သူ​သည်​ယ​ခု​ကျွန်​ခံ နေ​ရ​သော​ယေ​ရု​ရှ​လင်​နှင့်​မြို့​သူ​မြို့​သား​များ ကို​သ​ရုပ်​ဆောင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့် သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။

မြေ​ကြီး​သည်​တုန်​လှုပ်​၍​မိုး​ကောင်း​ကင်​မှ မိုး​ရွာ​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် သိ​နာ​တောင်​၏​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သည် ကြွ​လာ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။

``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော် မူ​သော​စေ​တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​ကြီး​သည်​ကြက်​က​လေး​များ​ကို​မိ​မိ ၏​အ​တောင်​အောက်​တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင့်​ကို​ယု​ယ​ပိုက်​ထွေး​နိုင်​ရန်​ကြိမ် ဖန်​များ​စွာ​ကြိုး​စား​ခဲ့​လေ​ပြီ။ သို့​ရာ​တွင်​သင် သည်​ငါ့​ကို​အ​ခွင့်​မ​ပေး​ခဲ့။-

``အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ ပ​ရော​ဖက် များ​ကို​သတ်​သည့်​မြို့၊ ဘု​ရား​သ​ခင်​စေ​လွှတ်​သော တ​မန်​များ​ကို​ခဲ​နှင့်​ပေါက်​သည့်​မြို့၊ ကြက်​မ​သည် ကြက်​က​လေး​များ​ကို​မိ​မိ​၏​အ​တောင်​အောက် တွင်​စု​သိမ်း​ထား​သ​ကဲ့​သို့ ငါ​သည်​သင်​၏​သား သ​မီး​များ​ကို​စု​သိမ်း​ထား​လို​သည်​မှာ​ကြိမ်​ဖန် များ​လှ​လေ​ပြီ။ သို့​ရာ​တွင်​သင်​မူ​ကား​ငါ့​ကို ဤ​သို့​မ​ပြု​စေ​လို။-

သူ​တို့​သည်​သင့်​ကို​လည်း​ကောင်း၊ သင်​၏​မြို့​ရိုး အ​တွင်း​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျက် ဆီး​သုတ်​သင်​ကြ​လိမ့်​မည်။ ကျောက်​တစ်​ချပ် ပေါ်​တစ်​ချပ်​မျှ​တင်​၍​နေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​သည်​မိ​မိ​အား ကယ်​တင်​ရန် ဘု​ရား​သ​ခင်​ကြွ​လာ​သည့် အ​ချိန်​ကာ​လ​ကို​မ​သိ​မ​မြင်​သော​ကြောင့် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​တို့​က ``ဂါ​လိ​လဲ​ပြည်​သား​တို့၊ သင်​တို့ သည်​အ​ဘယ်​ကြောင့်​ရပ်​၍​မိုး​ကောင်း​ကင်​သို့ မျှော်​ကြည့်​နေ​ကြ​သ​နည်း။ သင်​တို့​ထံ​မှ ကောင်း​ကင်​ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော် မူ​သော​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​သို့ ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​သည်​ကို သင်​တို့​မြင်​ရ​ကြ​၏။ ဤ​နည်း​အ​တိုင်း​ပင်​ထို အ​ရှင်​သည်​ပြန်​လည်​ကြွ​လာ​တော်​မူ​လတ္တံ့'' ဟု​ဆို​ကြ​၏။

ငါ​၏​အ​လျင်​တ​မန်​တော်​ရာ​ထူး​ကို​ရ​ရှိ​သူ တို့​နှင့်​တွေ့​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ငါ မ​သွား။ ဦး​စွာ​ပ​ထ​မ​အာ​ရေ​ဗျ​ပြည်​သို့ သွား​ပြီး​နောက် ဒ​မာ​သက်​မြို့​သို့​ပြန်​လာ​ခဲ့​၏။-

ဤ​အ​ဖြစ်​အ​ပျက်​သည်​ပုံ​ဆောင်​ချက်​ဖြစ်​၏။ အ​မျိုး​သ​မီး​နှစ်​ယောက်​သည်​ပ​ဋိ​ညာဉ်​တော် နှစ်​ပါး​ကို​ဆို​လို​၏။ အ​မျိုး​သ​မီး​တစ်​ယောက် သည်​ဟာ​ဂ​ရ​ဖြစ်​၍​မွေး​ဖွား​သော​သား​သ​မီး များ​သည်​ကျွန်​ဖြစ်​ကြ​၏။ ဟာ​ဂ​ရ​သည်​သိ​နာ တောင်​တွင်​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​သ​ရုပ် ဆောင်​သ​တည်း။-

သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ဆိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​ကား လွတ်​လပ်​သော​မြို့​ဖြစ်​၍​ငါ​တို့​၏​မိ​ခင် ဖြစ်​၏။-

ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​မှ ကြွ​လာ​တော်​မူ​၏။ ကိုယ်​တော်​သည်​နေ​မင်း​သ​ဖွယ်​ဧ​ဒုံ​ပြည်​ပေါ်​သို့ ထွက်​ပေါ်​လာ​ပြီး​လျှင်၊ ပါ​ရန်​တောင်​ထိပ်​ပေါ်​မှ​မိ​မိ​လူ​မျိုး​တော်​ပေါ်​သို့ ထွန်း​တောက်​တော်​မူ​၏။ ကိုယ်​တော်​၏​လက်​ယာ​တော်​ဘက်​တွင် ထောင်​သောင်း​မ​က​များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့​သည်​လိုက်​ပါ​လျက် မီး​လျှံ​တောက်​နေ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​သင်​တို့ သည်​လက်​နှင့်​စမ်း​သပ်​နိုင်​သော​သိ​နာ​တောင် သို့​ရောက်​ရှိ​နေ​ကြ​သည်​မ​ဟုတ်။ ထို​တောင် သည်​မီး​တောက်​မီး​လျှံ​ထ​၍​မဲ​မှောင်​ညို​မှိုင်း ကာ​မုန်​တိုင်း​ကျ​လျက် တံ​ပိုး​ခ​ရာ​မှုတ်​သံ နှင့်​ဗျာ​ဒိတ်​တော်​အ​သံ​ထွက်​ပေါ်​လာ​သည့် တောင်​ဖြစ်​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​နောက်​တစ်​ဖန်​မ​ကြား ရ​စေ​ရန်​မော​ရှေ​အား​တောင်း​ပန်​ကြ​၏။-

တောင်​ရိုး​တို့​သည်​သိ​နာ​တောင်​၏​အ​ရှင် ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​တုန်​လှုပ်​ကြ ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ