ကျွန်မနှင့်ရသောသားသည်သာမန်သဘာဝ အတိုင်းမွေးဖွားလာသူဖြစ်၏။ လွတ်လပ်သော မိန်းမနှင့်ရသောသားမူကားဘုရားသခင် ၏ကတိတော်အရမွေးဖွားလာသူတည်း။-
ကျမ်းစာတော်ကဆိုလိုသည်မှာနှုတ်ကပတ် တရားတော်သည် ``သင်၏နှုတ်၊ သင်၏စိတ်နှလုံး၊ သင်၏အနီး၌ရှိ၏'' ဟူ၍ဖြစ်သည်။ ထိုနှုတ် ကပတ်တရားကားသင်တို့အားငါဟောပြော ကြေညာသည့်ဘုရားသခင်ကိုယုံကြည်ခြင်း နှင့်ဆိုင်သောတရားတော်ပင်ဖြစ်သည်။-
ထိုကျမ်းကအာဗြဟံတွင်သားနှစ်ယောက်ရှိ ကြောင်း၊ တစ်ယောက်သည်ကျွန်မနှင့်ရသောသား ဖြစ်၍အခြားတစ်ယောက်မှာလွတ်လပ်သော မိန်းမနှင့်ရသောသားဖြစ်ကြောင်းဖော်ပြပေသည်။-
အာဗြဟံသည်အိုမင်းလေပြီ။ စာရာသည် လည်းသားသမီးမွေးဖွားနိုင်သောအရွယ် လွန်လေပြီ။ သို့ရာတွင်အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့်ဖခင်ဖြစ်လာ၏။ ဘုရားသခင်သည်ကတိထားတော်မူသည် အတိုင်းသစ္စာတည်တော်မူသည်ဟုယုံ ကြည်၏။-