Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဂ​လာ​တိ 4:15

Common Language Bible

ထို​အ​ခါ​က​သင်​တို့​အ​လွန်​ပျော်​ကြ​ပါ​သည် တ​ကား။ ယ​ခု​အ​ဘယ်​သို့​ဖြစ်​ကြ​လေ​ပြီ​နည်း။ ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ဖြစ်​နိုင်​ပါ​မူ မိ​မိ တို့​၏​မျက်​စိ​များ​ကို​ပင်​လျှင်​ထုတ်​၍​ငါ့​အား ပေး​လှူ​လို​သည်​ဟု​ငါ​သက်​သေ​ခံ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ကျောက်​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​သော​အ​ခါ ဝမ်း​မြောက်​စွာ ယုံ​ကြည်​ခံ​ယူ​သူ​များ​ကို​ဆို​လို​သည်။ သို့​ရာ​တွင် သူ​တို့​၏​စိတ်​နှ​လုံး​တွင်​နှုတ်​က​ပတ်​တော်​သည် အ​မြစ်​မ​စွဲ။ ကာ​လ​အ​နည်း​ငယ်​သာ​ယုံ​ကြည် လက်​ခံ​၏။ သို့​ရာ​တွင်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တွေ့ သော​အ​ခါ​သူ​တို့​သည်​ဖောက်​ပြန်​သူ​များ ဖြစ်​ကြ​၏။-

သူ​တို့​သည်​ဘု​ရား​သ​ခင်​အား အ​လွန်​ကြည်​ညို သူ​များ​ဖြစ်​ကြောင်း​ကို​ငါ​အာ​မ​ခံ​နိုင်​၏။ သို့ သော်​သူ​တို့​၏​ကြည်​ညို​မှု​နည်း​လမ်း​သည်​မှန် သော​အ​သိ​ပ​ညာ​အ​ပေါ်​၌​မ​တည်။-

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် သင်​တို့​၏​မျှော်​လင့်​ခြင်း​ပါ​ရ​မီ​ကြွယ်​ဝ​စေ ခြင်း​ငှာ မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင် သည် သင်​တို့​၏​ယုံ​ကြည်​မှု​ကြောင့်​သင်​တို့​အား ဝမ်း​မြောက်​ခြင်း​အ​မျိုး​မျိုး​နှင့်​ငြိမ်​သက်​ခြင်း ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

ထို​အ​ရှင်​သည်​ငါ​တို့​အား​ယုံ​ကြည်​ခြင်း​ကြောင့် ဤ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ စား​စေ​တော်​မူ​၏။ ထို​ကျေး​ဇူး​တော်​ကို​ယ​ခု​ငါ တို့​ခံ​စား​လျက်​ရှိ​ကြ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​စား ရန်​မျှော်​လင့်​ခြင်း​အ​တွက်​ဝါ​ကြွား​ဝမ်း​မြောက် ကြ​၏။-

ထို​အ​သင်း​တော်​တို့​သည်​တတ်​နိုင်​သ​မျှ မိ​မိ တို့​တွင်​စွမ်း​အား​ရှိ​သ​မျှ​ထက်​ပို​၍ အ​လို အ​လျောက်​ပေး​လှူ​ကြ​ကြောင်း​ကို​သင်​တို့ အား​ငါ​သက်​သေ​ခံ​နိုင်​၏။ သူ​တို့​သည်​ယု​ဒ ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​မှု​တွင်​ပါ​ဝင်​လို​ကြ​၏။ သို့ ဖြစ်​၍​ထို​သို့​ပါ​ဝင်​ခွင့်​ပြု​ရန် မိ​မိ​တို့ အ​လို​အ​လျောက်​ငါ​တို့​အား​တောင်း​ပန် ကြ​၏။-

ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​လူ​မျိုး​ခြား​တို့ သည်​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​မှီ​ပြု​၍ အာ​ဗြ​ဟံ ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား ရ​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခံ​ယူ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဖြစ်​၏။

ငါ​၏​ကျန်း​မာ​ရေး​အ​ခြေ​အ​နေ​ကြောင့်​သင်​တို့ အ​တွက်​အ​နှောင့်​အ​ယှက်​ဖြစ်​သော်​လည်း သင်​တို့ သည်​ငါ့​ကို​အ​ထင်​အ​မြင်​မ​သေး​ကြ။ မ​ပစ် ပယ်​ကြ။ ငါ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ဖြစ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ခ​ရစ် တော်​ယေ​ရှု​အား​ကြို​ဆို​သ​ကဲ့​သို့​လည်း​ကောင်း သင်​တို့​က​ငါ့​အား​ကြို​ဆို​လက်​ခံ​ကြ​၏။-

ယ​ခု​ငါ​သည်​သင်​တို့​အား​မှန်​ရာ​ကို​ပြော​ဆို သည့်​အ​တွက်​သင်​တို့​၏​ရန်​သူ​ဖြစ်​လေ​ပြီ​လော။

ငါ​ချစ်​သော​သား​သ​မီး​တို့၊ ခ​ရစ်​တော်​၏​စိတ် နေ​သ​ဘော​ထား​မျိုး​ကို​သင်​တို့​မ​ရ​မ​ချင်း ငါ​သည်​သား​ဖွား​သည့်​မိ​ခင်​ကဲ့​သို့​တစ်​ဖန် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​၏။-

ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊-

လူ​တိုင်း​ပင်​မိ​မိ​၏​အ​ပြု​အ​မူ​ကို​စစ်​ကြော အပ်​၏။ မိ​မိ​၏​အ​ပြု​အ​မူ​သည်​ကောင်း​မွန်​ပါ​က ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ပေ​သည်။-

သူ​သည်​သင်​တို့​အ​တွက်​လည်း​ကောင်း၊ လော​ဒိ​ကိ မြို့​နှင့်​ဟေ​ရ​ပေါ​လိ​မြို့​၌​ရှိ​သူ​များ​အ​တွက် လည်း​ကောင်း​အ​လွန်​ကြိုး​စား​လုပ်​ဆောင်​သူ​ဖြစ် ကြောင်း​ငါ​ကိုယ်​တိုင်​သက်​သေ​ခံ​ပါ​၏။-

ငါ​တို့​သည်​သင်​တို့​အား​လွန်​စွာ​ချစ်​မြတ်​နိုး ကြ​သည်​ဖြစ်​၍​ငါ​တို့​သည်​ဘု​ရား​သ​ခင် ၏​သ​တင်း​ကောင်း​ကို​သာ​မ​က ငါ​တို့​၏ အ​သက်​ကို​ပင်​သင်​တို့​အား​ပေး​လို​သော ဆန္ဒ​ရှိ​ကြ​၏။-

သူ​တို့​ဆောင်​ရွက်​ကြ​သည့်​အ​မှု​တော်​ကို​ထောက် ၍ သူ​တို့​အား​အ​ထူး​ရို​သေ​ချစ်​ခင်​ကြ​လော့။ သင်​တို့​အ​ချင်း​ချင်း​သင့်​မြတ်​စွာ​နေ​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ