Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဂ​လာ​တိ 3:2

Common Language Bible

ဝိ​ညာဉ်​တော်​ကို​သင်​တို့​ခံ​ယူ​ရ​ကြ​ခြင်း​မှာ ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း​ကို​ကြား​၍ ယုံ​ကြည်​ကြ​သော​ကြောင့်​လော။ ဤ​မေး​ခွန်း ကို​သာ​လျှင် ငါ့​အား​ဖြေ​ကြား​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့ အား​ပေး​တော်​မူ​သည့်​နည်း​တူ​လူ​မျိုး​ခြား​တို့ အား​လည်း​ပေး​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့ အား​နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း​ကို​ပြ တော်​မူ​၏။-

ပေ​တ​ရု​က ``နောင်​တ​ရ​ကြ​လော့။ သင်​တို့​အ​ပြစ် များ​ပြေ​လွတ်​စေ​ရန် ယေ​ရှု​ခ​ရစ်​၏​နာ​မ​၌​လူ တိုင်း​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း ဟူ​သော​ဆု​ကျေး​ဇူး​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-

တ​မန်​တော်​နှစ်​ပါး​တို့​သည်​ရောက်​လာ​၍ သန့် ရှင်း​သော​ဝိ​ညာဉ်​ကို​ထို​သူ​တို့​ခံ​ယူ​ကြ​စေ ရန်​ဆု​တောင်း​ကြ​၏။-

ဘု​ရား​သ​ခင်​သည်​လူ​တို့​အား​အ​ဘယ်​သို့ သော​နည်း​ဖြင့် မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ တော်​မူ​သည်​ကို​သ​တင်း​ကောင်း​က​ပေါ်​လွင် ထင်​ရှား​စေ​၏။ ထို​နည်း​မှာ​အ​စ​မှ​အ​ဆုံး တိုင်​အောင်​ယုံ​ကြည်​ခြင်း​အ​ပေါ်​တွင်​အ​ခြေ ခံ​သည့်​နည်း​ဖြစ်​၏။ ထို့​ကြောင့်​ကျမ်း​စာ​တွင် ``ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့် မည်'' ဟု​လာ​သ​တည်း။

ထို​နည်း​တူ​စွာ​လူ​မျိုး​ခြား​များ​ထံ​တွင် အ​မှု တော်​ဆောင်​စဉ်​သူ​တို့​ကို​ကယ်​တင်​နိုင်​ရန် ပ​ညတ် တ​ရား​ကို​မ​ကျင့်​သုံး​ဘဲ လူ​မျိုး​ခြား​ကဲ့​သို့ နေ​ထိုင်​၏။ ဤ​သို့​ဆို​ရာ​၌​ငါ​သည်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို မ​လိုက်​နာ​ဟု​မ​ဆို လို။ အ​မှန်​အား​ဖြင့်​ဆို​သော် ငါ​သည်​ခ​ရစ်​တော် ၏​တ​ရား​တော်​ကို လိုက်​နာ​ကျင့်​သုံး​သူ​ဖြစ် သည်။-

လူ​တစ်​စုံ​တစ်​ယောက်​သည်​သင်​တို့​ထံ​ရောက်​လာ​၍ ငါ​တို့​မ​ကြေ​ညာ​ဘူး​သည့်​အ​ခြား​တစ်​ပါး​သော ယေ​ရှု​၏​အ​ကြောင်း​ကို​ဟော​ပြော​ကြေ​ညာ​သော အ​ခါ သင်​တို့​သည်​ဝမ်း​မြောက်​စွာ​လက်​ခံ​ခွင့်​ပြု ကြ​၏။ သင်​တို့​သည်​ငါ​တို့​ထံ​မှ​ကြား​သိ​ရ​သည့် သ​တင်း​ကောင်း​နှင့်​လုံး​ဝ​မ​တူ​သည့်​သ​တင်း ကောင်း​ကို​လည်း​ကောင်း၊ ယ​ခင်​က​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​နှင့်​လုံး​ဝ​ကွဲ​ပြား​ခြား​နား သည့်​ဝိ​ညာဉ်​ကို​လည်း​ကောင်း​လက်​ခံ​ကြ​၏။

ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​လူ​မျိုး​ခြား​တို့ သည်​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​မှီ​ပြု​၍ အာ​ဗြ​ဟံ ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား ရ​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခံ​ယူ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဖြစ်​၏။

သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​မိုက်​မဲ ကြ​သ​နည်း။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​အား ဖြင့်​အ​စ​ပြု​ခဲ့​ကြ​ပြီး​နောက် ယ​ခု​အ​ခါ မိ​မိ​တို့​ကိုယ်​ပိုင်​စွမ်း​ရည်​ဖြင့်​အ​ဆုံး​သတ် လို​ကြ​သ​လော။-

ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ဝိ​ညာဉ်​တော် ကို​ချ​ပေး​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ခဲ့​သည်​မှာ ပ​ညတ် တ​ရား​ကို​သင်​တို့​စောင့်​ထိန်း​ကြ​သည့်​အ​တွက် ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း ကို​ကြား​နာ​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့် လော။-

တစ်​ချိန်​တည်း​မှာ​ပင်​ဘု​ရား​သ​ခင်​သည် နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​သြ​ဖွယ်​ရာ​များ​နှင့် ထူး​ဆန်း​သော​တန်​ခိုး​အ​မျိုး​မျိုး​တို့​ကို ပြ​တော်​မူ​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​မိ​မိ​အ​လို​တော် အ​တိုင်း ဆု​ကျေး​ဇူး​များ​ကို​ဝေ​ငှ​တော်​မူ ခြင်း​အား​ဖြင့်​လည်း​ကောင်း​ထပ်​လောင်း သက်​သေ​ပြ​တော်​မူ​၏။

ငါ​တို့​သည်​ရှေး​ခေတ်​လူ​တို့​နည်း​တူ​သ​တင်း ကောင်း​ကို​ကြား​ကြ​ရ​၏။ သို့​ရာ​တွင်​ထို​သူ တို့​ကြား​ရ​သည့်​သ​တင်း​ကောင်း​သည် သူ​တို့ အ​တွက်​အ​ကျိုး​မ​ရှိ​ချေ။ အ​ဘယ်​ကြောင့် ဆို​သော် သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား ရ​သော်​လည်း ယုံ​ကြည်​ခြင်း​ဖြင့်​လက်​မ​ခံ ကြ​သော​ကြောင့်​ဖြစ်​၏။-

မိ​မိ​ဘာ​သာ​တ​ရား​ကို​စွန့်​သူ​တို့​အား​နောက် တစ်​ဖန်​အ​ဘယ်​သို့​လျှင်​နောင်​တ​ရ​စေ​နိုင်​မည် နည်း။ အ​ခါ​တစ်​ပါး​က​ထို​သူ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​လင်း​တွင်​ကျင်​လည်​၍ ကောင်း​ကင် ဆု​ကျေး​ဇူး​ကို​မြည်း​စမ်း​ရ​ပြီး​လျှင် သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ခဲ့​ကြ​ဖူး​လေ​ပြီ။-

ထို​သူ​တို့​ယင်း​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​ကြ​သည်​မှာ​မိ​မိ​တို့​အ​ကျိုး​အ​တွက် မ​ဟုတ်။ သင်​တို့​အ​ကျိုး​အ​တွက်​ဖြစ်​ကြောင်း သင်​တို့​အား​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ ပေ​သည်။ သင်​တို့​ထံ​သ​တင်း​ကောင်း​ကို​ယူ ဆောင်​လာ​သူ​များ​သည်​ထို​ပ​ရော​ဖက်​တို့ ကြို​တင်​ဟော​ပြော​သည့်​အ​ကြောင်း​အ​ရာ များ​ကို ကောင်း​ကင်​ဘုံ​မှ​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​သ​ဖြင့်​သင်​တို့​ကြား ရ​ကြ​ပြီ။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ကောင်း​ကင်​တ​မန်​များ​ပင်​လျှင်​သိ​ရှိ နား​လည်​လို​ကြ​ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ