Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဂ​လာ​တိ 3:12

Common Language Bible

သို့​ရာ​တွင်​ကျမ်း​စာ​တော်​က ``ပ​ညတ်​တ​ရား ၏​ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​လိုက်​လျှောက်​သူ သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဆို​သ​ဖြင့် ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​မှု​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ရန်​သူ​တို့​အား​သ​တိ​ပေး​တော်​မူ​ပါ​၏။ ပ​ညတ်​တ​ရား​တော်​ကို​စောင့်​ထိန်း​မှု​မှာ​မိ​မိ​တို့​၏ အ​သက်​ရှင်​ရာ​လမ်း​ပင်​ဖြစ်​သော်​လည်း သူ​တို့​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​ကိုယ်​တော်​၏ တ​ရား​တော်​တို့​ကို​ပစ်​ပယ်​ကြ​ပါ​၏။ သူ​တို့​သည်​လွန်​စွာ​ခေါင်း​မာ​လျက်​စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​၏။

ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-

သို့​ရာ​တွင်​သူ​တို့​သည်​တော​ကန္တာရ​၌​ပင် ငါ့​ကို​အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင် ခွင့်​ရ​မည်​ဖြစ်​သော်​လည်း​သူ​တို့​သည်​ငါ ၏​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​၍​ငါ​၏ အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကြ​၏။ ဥ​ပုသ်​နေ့ ကို​လည်း​အ​လျှင်း​မ​ရို​သေ။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​အား​တော​ကန္တာ​ရ​တွင်​ငါ​၏ အ​မျက်​တော်​သွန်း​လောင်း​ခြင်း​ဒဏ်​ကို​ခံ စေ​၍ သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ ခဲ့​၏။-

ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​လျှောက်​လော့။ သို့​ပြု​လျှင်​သင်​တို့​သည် အ​သက်​ချမ်း​သာ​ရာ​ရ​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရားဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​က ``သင်​သည်​ကောင်း​မြတ်​သည့်​အ​မှု နှင့်​ပတ်​သက်​၍​ငါ့​အား​အ​ဘယ်​ကြောင့်​မေး​သ​နည်း။ ကောင်း​မြတ်​သော​အ​ရှင်​တစ်​ပါး​တည်း​သာ​ရှိ​၏။ သင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​လို​လျှင်​ပညတ်​တော် တို့​ကို​စောင့်​ထိန်း​လော့'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကျေး​ဇူး​တော် ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော်​မူ​၏။ သူ​တို့ ၏​အ​ကျင့်​ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ အ​ကယ်​၍​ဘု​ရား​သ​ခင်​၏ ရွေး​ကောက်​တော်​မူ​ခြင်း​သည် လူ့​အ​ကျင့်​ကို အ​ခြေ​ခံ​လျှင်​ကိုယ်​တော်​၏​ကျေး​ဇူး​တော် သည်​အ​စစ်​အ​မှန်​မ​ဟုတ်။

အ​ကယ်​၍​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ကြ သူ​များ​သာ​လျှင် က​တိ​တော်​ကို​ခံ​စား​ရ​ကြ မည်​ဆို​လျှင်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​မှု သည်​အ​ချည်း​နှီး​ဖြစ်​၍​က​တိ​တော်​သည် လည်း​အဋ္ဌိ​ပ္ပါယ်​မ​ရှိ​တော့​ပေ။-

သို့​ဖြစ်​၍​အာ​ဗြ​ဟံ​သား​မြေး​အ​ပေါင်း​တို့ သည်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​ကို​အ​ခ​မဲ့ ခံ​စား​ခွင့်​ရှိ​ကြောင်း အာ​မ​ခံ​ချက်​ရှိ​စေ​ရန် ကိုယ်​တော်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​အ​ပေါ် တွင်​အ​ခြေ​ခံ​၍​က​တိ​ထား​တော်​မူ​၏။ ထို က​တိ​တော်​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သူ​များ​အ​တွက်​သာ​လျှင်​မ​ဟုတ်။ အာ​ဗြ​ဟံ ကဲ့​သို့​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့ အ​တွက်​လည်း​ဖြစ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် အာ​ဗြ​ဟံ​သည်​ငါ​တို့​အား​လုံး​၏​အ​ဖ​ဖြစ် သော​ကြောင့်​တည်း။-

ထို့​နောက်​ငါ​သည်​သေ​ရ​၏။ ငါ့​အား​အ​သက်​ရှင် စေ​ရန်​ပေး​အပ်​သည့်​ပ​ညတ်​တော်​က​ပင်​လျှင် ငါ​၏​အ​သက်​ကို​သေ​စေ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ