Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဂ​လာ​တိ 2:21

Common Language Bible

ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​မ​ပစ် ပယ်။ အ​ကယ်​၍​လူ​တို့​သည်​ပ​ညတ်​တ​ရား​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​လျှင် ခ​ရစ်​တော်​သည်​အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရည်​မှန်း​ချက်​များ​ကို​ပျက်​ပြား​စေ​တော်​မူ​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​လည်း အ​ထ​မ​မြောက်​စေ​ရန်​ဆီး​တား​တော်​မူ​၏။

ငါ​သည်​လည်း​မိ​မိ​လုပ်​ဆောင်​ခဲ့​သည့်​အ​မှု​တို့ အ​ကျိုး​မ​ရှိ​ပုံ​ကို​လည်း​ကောင်း၊ မိ​မိ​မှာ​အား​အင်​သာ​လျှင်​ကုန်​ခန်း​လျက် အ​ဘယ်​အ​မှု​အ​ရာ​မျှ​မ​အောင်​မြင်​ပုံ​ကို လည်း​ကောင်း တစ်​ကိုယ်​တည်း​ပြော​ဆို​နေ​မိ​၏။ သို့​ရာ​တွင်​ငါ​သည်​မိ​မိ​၏​အ​မှု​ကိစ္စ​များ အ​ဆင်​ပြေ​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​နိုင်​ပါ​စေ။ ကိုယ်​တော်​သည်​ငါ​ပြု​သည့်​အ​မှု​အ​တွက် ဆု​လာဘ်​များ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။

ငါ​၏​တ​ရား​တော်​ကို​သိ​ရှိ​၍​သင်​တို့​သည် ပ​ညာ​ရှိ​ကြ​၏​ဟု​အ​ဘယ်​သို့​လျှင်​သင် တို့​ဆို​နိုင်​ကြ​မည်​နည်း။ ကြည့်​ရှု​ကြ​လော့၊ မ​ရိုး​မ​ဖြောင့်​သည့်​ကျမ်း​ကူး​ဆ​ရာ​တို့​က တ​ရား​တော်​ကို​ပြောင်း​လဲ​စေ​ကြ​လေ​ပြီ။-

ဆက်​လက်​၍​ကိုယ်​တော်​က``သင်​တို့​သည်​မိ​မိ​တို့ ၏​ထုံး​တမ်း​စဉ်​လာ​များ​အ​တိုင်း​ကျင့်​သုံး​နိုင် ကြ​စေ​ရန် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တို့​ကို​ပစ် ပယ်​ပုံ​မှာ​ကျွမ်း​ကျင်​လေ​စွ​တ​ကား။-

သူ​တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​နိုင်​မည့်​လမ်း​စဉ်​ကို​မ​သိ​သ​ဖြင့် ထို​လမ်း စဉ်​ကို​မ​လိုက်​ဘဲ​မိ​မိ​တို့​ကိုယ်​တိုင်​တီ​ထွင် သည့်​လမ်း​စဉ်​ကို​လိုက်​ကြ​ပေ​သည်။-

ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကျေး​ဇူး​တော် ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော်​မူ​၏။ သူ​တို့ ၏​အ​ကျင့်​ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ အ​ကယ်​၍​ဘု​ရား​သ​ခင်​၏ ရွေး​ကောက်​တော်​မူ​ခြင်း​သည် လူ့​အ​ကျင့်​ကို အ​ခြေ​ခံ​လျှင်​ကိုယ်​တော်​၏​ကျေး​ဇူး​တော် သည်​အ​စစ်​အ​မှန်​မ​ဟုတ်။

ထို​အ​ရှင်​သည်​ငါ​တို့​အ​ပြစ်​များ​ကြောင့်​အ​သေ ခံ​စေ​ရန်​အပ်​နှံ​ခြင်း​ကို​ခံ​တော်​မူ​၏။ ငါ​တို့​အား ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ​အံ့​သော ငှာ​ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၏။

အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-

ခ​ရစ်​တော်​ထ​မြောက်​တော်​မ​မူ​လျှင်​ငါ​တို့ ၏​ဟော​ပြော​ခြင်း​သည်​အ​ကျိုး​မ​ရှိ။ သင်​တို့​၏ ယုံ​ကြည်​ခြင်း​သည်​လည်း​အ​ကျိုး​မ​ရှိ။-

ခ​ရစ်​တော်​သည်​ရှင်​ပြန်​ထ​မြောက်​တော်​မ​မူ လျှင်​သင်​တို့​၏​ယုံ​ကြည်​မှု​သည်​လွဲ​မှား​လျက် သင်​တို့​သည်​လည်း​အ​ပြစ်​ဒု​စ​ရိုက်​တွင်​နစ် မွန်း​လျက်​ရှိ​နေ​ကြ​သေး​မည်။-

ထို​သ​တင်း​ကောင်း​ကား​သင်​တို့​အား​ငါ​ဟော ပြော​သည့်​တ​ရား​ဖြစ်​သည်။ သင်​တို့​သည်​ထို သ​တင်း​ကောင်း​ကို​စွဲ​မြဲ​စွာ​ယုံ​ကြည်​လက်​ခံ လျှင်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​မ​ဟုတ် လျှင်​သင်​တို့​ယုံ​ကြည်​ခဲ့​သည်​မှာ​အ​ချည်း​နှီး ဖြစ်​သည်။

သို့​ရာ​တွင်​လူ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​ခွင့်​ကို​မ​ရ​နိုင်​ကြောင်း၊ ခ​ရစ်​တော်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့်​သာ​လျှင်​ရ​နိုင်​ကြောင်း​ကို​ငါ​တို့ သိ​ကြ​၏။ ငါ​တို့​သည်​လည်း​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ ခ​ရစ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ရန် ခ​ရစ် တော်​ယေ​ရှု​ကို​ယုံ​ကြည်​ကြ​၏။ အ​ဘယ်​ကြောင့် ဆို​သော်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း အား​ဖြင့် မည်​သူ​မျှ​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင်​သော​ကြောင့်​ဖြစ်​၏။-

အ​ကယ်​၍​မိ​မိ​ဖြို​ဖျက်​ခဲ့​သော​အ​ရာ​ကို ပြန်​လည်​တည်​ဆောက်​မည်​ဆို​ပါ​က ငါ​သည် ပညတ်​တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ကြောင်း ဖော်​ပြ​ရာ​ရောက်​ပေ​သည်။-

ဤ​သို့​ဆို​ရာ​၌​ပ​ညတ်​တ​ရား​နှင့်​ဘု​ရား သ​ခင်​၏​က​တိ​တော်​တို့​သည် ဆန့်​ကျင်​ဘက် ဖြစ်​၍​နေ​ပါ​သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဟုတ်။ အ​ကယ်​၍​အ​သက်​ရှင်​စေ​နိုင်​သည့် ပ​ညတ်​တ​ရား​ကို​လူ​သား​တို့​ရ​ရှိ​ခဲ့​ပါ လျှင် လူ​တိုင်း​ပင်​ထို​ပ​ညတ်​တ​ရား​ကို​စောင့် ထိန်း​ခြင်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြ​မည်​သာ​ဖြစ်​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပ​ညတ်​တ​ရား ကို​ပေး​အပ်​ရာ​၌ လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော ဟိတ်​များ​ကို​အ​ခြေ​ခံ​၍​ပေး​အပ်​ခြင်း​ဖြစ်​၏။ အ​ကယ်​၍​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ပြီး​ပြည့်​စုံ​လင်​အောင်​ဆောင်​ရွက်​နိုင် ကြ​ပါ​မူ အာ​ရုန်​၏​အ​ရိုက်​အ​ရာ​အ​စား​မေ လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ပေါ်​ထွန်း လာ​ရန်​မ​လို​ပေ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ