ကောလောသဲ 4:3Common Language Bibleဆုတောင်းသည့်အခါငါတို့၏အတွက်လည်း ဆုတောင်းကြလော့။ ခရစ်တော်၏နက်နဲသည့် အရာနှင့်စပ်ဆိုင်သောတရားတော်ကို ဟော ပြောနိုင်သည့်အခွင့်အလမ်းငါတို့အားပေး တော်မူရန်ဆုတောင်းကြလော့။ ထိုတရား တော်ကြောင့်ငါသည်ယခုထောင်ကျလျက်ရှိ၏။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
ဘုရားသခင်၏နက်နဲသောအကြံအစည် တော်သည်အဘယ်သို့အကောင်အထည်ပေါ် လာမည်ကို လူအပေါင်းတို့အားရှင်းလင်း ဖော်ပြရန်အခွင့်ထူးကိုငါ့အားပေးသနား တော်မူ၏။ ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်း တော်မူသောဘုရားသခင်သည် ရှေးကာလ အဆက်ဆက်ကထိုအကြံအစည်တော် ကိုကွယ်ဝှက်၍ထားတော်မူခဲ့၏။-
သင်တို့ကိုငါအစဉ်အောက်မေ့၏။ သို့ဖြစ်၍ ငါသည်သင်တို့နှင့်ပတ်သက်၍ယင်းသို့သဘော ထားအပ်၏။ ယခုငါအကျဉ်းခံလျက်နေရစဉ် အခါနှင့်သတင်းကောင်းကိုလွတ်လပ်စွာသက် သေခံတည်တံ့ခိုင်မြဲစေခွင့်ရစဉ်အခါက သင်တို့သည်ငါ့အားဘုရားသခင်ပေးတော် မူသောအခွင့်ထူးတွင်ပါဝင်လုပ်ဆောင်ကြ ပေသည်။-