လောဒိကိမြို့ရှိညီအစ်ကိုများကိုလည်းကောင်း၊ နုံဖနှင့်သူ၏အိမ်တွင်စုဝေးဝတ်ပြုကြသည့် အသင်းတော်ဝင်တို့ကိုလည်းကောင်းနှုတ်ဆက် လိုက်ကြောင်းပြောပြကြလော့။-
သူတို့အိမ်၌စုဝေးဝတ်ပြုသည့်အသင်းတော်ကို လည်းငါနှုတ်ဆက်ကြောင်းပြောကြားကြလော့။ အာရှပြည်တွင်ပထမဆုံးခရစ်တော်ကိုယုံကြည် လက်ခံလာသူ ငါ၏ရင်းနှီးသောမိတ်ဆွေဧပဲနက် ကိုနှုတ်ဆက်ကြလော့။-
ထိုမြို့တွင်ငါ့ကိုဆန့်ကျင်ဖက်ပြုသူများပင်ရှိ သော်လည်း အမှုတော်ဆောင်ရန်အခွင့်ကောင်း အမှန်ပင်ရှိ၏။
ငါသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့သူမြို့သားများနှင့်ငါ့အားမမြင်ဘူးသေး သောအခြားသူတို့အတွက်လည်းကောင်း အဘယ် မျှကြိုးပမ်းလုပ်ဆောင်ခဲ့သည်ကိုသင်တို့အား သိစေလို၏။-
သူသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့နှင့်ဟေရပေါလိမြို့၌ရှိသူများအတွက် လည်းကောင်းအလွန်ကြိုးစားလုပ်ဆောင်သူဖြစ် ကြောင်းငါကိုယ်တိုင်သက်သေခံပါ၏။-
ဤစာကိုသင်တို့အသင်းတော်ဝင်တို့အားဖတ် ပြပြီးသောအခါ လောဒိကိအသင်းတော်ဝင် တို့အားလည်းဖတ်စေကြလော့။ လောဒိကိ အသင်းတော်မှတစ်ဆင့်ပေးပို့မည့်စာကိုလည်း သင်တို့ဖတ်ရှုကြလော့။-
ငါတို့နှမအပ္ပိ၊ ငါတို့၏ရဲဘော်စစ်သည်တော် အာခိပ္ပုနှင့် သင်၏အိမ်တွင်စုဝေးသည့်အသင်း တော်ဝင်တို့ထံသို့လည်းကောင်းစာရေးလိုက် ပါသည်။