ထိုကဲ့သို့သောအာသာရမ္မက်များကြောင့်ဘုရား သခင်၏စကားကိုမနာခံသောသူများသည် အမျက်တော်သင့်ကြပေအံ့။-
သင်တို့သည်အဘယ်သူကိုပျက်ရယ်ပြု၍နေ ကြပါသနည်း။ အချင်းလူလိမ်တို့၊ သင်တို့ သည်အဘယ်သူကိုပြောင်လှောင်လျက်နေ ကြပါသနည်း။-
အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။-
အချည်းနှီးသောစကားဖြင့်အဘယ်သူမျှ သင်တို့ကိုမလှည့်ဖြားစေနှင့်။ ထိုအမှုများ ကြောင့်ဘုရားသခင်၏အမိန့်တော်ကိုမနာ ခံသူတို့သည်အမျက်တော်သင့်ကြလိမ့်မည်။-
ဘုရားသခင်၏စကားကိုနားထောင်၍မသိ နားမလည်စဉ်အခါက မိမိတို့၏စိတ်ဆန္ဒ ရှိသည့်အလျောက်ပြုကျင့်သကဲ့သို့ဆက် လက်မပြုကျင့်ကြနှင့်။-
သူတို့၏မျက်စိသည်အကျင့်ပျက်သည့် အမျိုးသမီးများကိုသာကြည့်လျက်အပြစ် ကူး၍အားမရနိုင်ကြ။ သူတို့သည်ယုံ ကြည်ခြင်းမရင့်ကျက်သူတို့ကိုထောင် ချောက်ထဲသို့ကျစေကြ၏။ လောဘလွန် ကူးမှုတွင်ကျင်လည်ကြ၏။ သူတို့သည် ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။-
သို့ရာတွင်လူမဆန်သူများ၊ ပြုစားတတ်သူ များ၊ ကာမဂုဏ်လိုက်စားသူများ၊ လူသတ်သမား များ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ပြောဆို ၍ကျင့်ကြံသူများသည်မြို့ပြင်တွင်နေရကြ လိမ့်မည်။