ကောလောသဲ 3:23Common Language Bibleအဘယ်အမှုကိုပြုသည်မဆိုသင်တို့သည် လူ၏အလိုကိုမဟုတ်ဘဲ သခင်ဘုရား၏ အလိုကိုဆောင်ရွက်သကဲ့သို့အစွမ်းရှိ သမျှဖြင့်လုပ်ဆောင်ကြလော့။- အခန်းကိုကြည့်ပါ။ |
``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။-
နေ့ထူးနေ့မြတ်ကိုစောင့်ထိန်းသူသည်သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စောင့်ထိန်းခြင်းဖြစ်၏။ မည်သည့်အစားအစာ များကိုမဆိုစားတတ်သူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စားခြင်းဖြစ်သည်။ သူသည်လည်းထိုအစား အစာအတွက်ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသည်။ အချို့သောအစား အစာကိုရှောင်ကြဉ်သောသူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် ရှောင်ကြဉ်ခြင်းဖြစ်၏။ သူသည်လည်းဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း သည်။-