Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ကော​လော​သဲ 1:3

Common Language Bible

ငါ​တို့​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​မှ​သာ​သင်​တို့​အ​ပေါင်း​သည်​တ​ညီ​တ​ညွတ် တည်း​ဖြင့်​ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​ခ​မည်း တော်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး နိုင်​ကြ​လိမ့်​မည်။

ငါ​သည်​သင်​တို့​အား​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း​၏။-

နှစ်​သိမ့်​မှု​၏​အ​ရှင်၊ က​ရု​ဏာ​တော်​နှင့်​ပြည့်​စုံ ကြွယ်​ဝ​တော်​မူ​သော​အ​ဖ၊ ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ငါ​တို့​ချီး​မွမ်း​ကြ ကုန်​စို့။-

ထို့​ကြောင့်​သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို​ယုံ ကြည်​ခြင်း၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ချစ်​ခြင်း​အ​ကြောင်း​ကို​ကြား​သိ​ရ​သည့် အ​ခါ​မှ​စ​၍ ငါ​သည်​သင်​တို့​ကို​အ​ကြောင်း ပြု​၍​အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ သင်​တို့​အ​တွက်​ဆု​တောင်း ပတ္ထနာ​ပြု​လျက်​နေ​၏။-

သင်​တို့​အား​ကူ​ညီ​စောင်​မ​တော်​မူ​ရန်​ဘု​ရား သ​ခင်​အား​အ​စဉ်​အ​မြဲ​ဆု​တောင်း​ကြ​လော့။ ဝိ​ညာဉ်​တော်​ညွှန်​ကြား​တော်​မူ​သည့်​အ​တိုင်း အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ကြ​လော့။ ထို့​ကြောင့် နိုး​နိုး​ကြား​ကြား​နေ​ကြ​လော့။ ဇွဲ​သတ္တိ​ရှိ​ကြ လော့။ အ​ခါ​မ​လပ်​ဘု​ရား​သ​ခင်​၏​လူ​စု တော်​အ​တွက်​ဆု​တောင်း​ကြ​လော့။-

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။-

ကိုယ်​တော်​သည်​ငါ​တို့​အား​မှောင်​မိုက်​၏ တန်​ခိုး​မှ​ကယ်​နုတ်​တော်​မူ​၍ မိ​မိ​ချစ်​မြတ် နိုး​တော်​မူ​သော​သား​တော်​၏​နိုင်​ငံ​တော်​ထဲ သို့​ခေါ်​သွင်း​တော်​မူ​၏။-

သို့​ဖြစ်​ခြင်း​ကြောင့်​သင်​တို့​၏​သ​တင်း​ကို​ကြား ရ​သည့်​နေ့​မှ​စ​၍ ငါ​တို့​သည်​သင်​တို့​အ​တွက် အ​စဉ်​မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ​၏။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​ချ​ပေး​တော်​မူ​သော ဉာဏ်​ပ​ညာ​နှင့်​ပြည့်​စုံ​သ​ဖြင့် ဘု​ရား​သ​ခင် ၏​အ​လို​တော်​ကို​ကောင်း​စွာ​သိ​ရှိ​ကြ​စေ​ရန် ဘု​ရား​သ​ခင်​အား​ငါ​တို့​ဆု​တောင်း​ကြ ပါ​၏။-

ငါ​တို့​သည်​အ​ဖ​ဘု​ရား​သ​ခင်​ထံ​တော်​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​သည် မိ​မိ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​လက်​တွေ့​အ​ဘယ် သို့​ကျင့်​သုံး​ကြ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ ၏​ချစ်​ခြင်း​ကြောင့်​သင်​တို့​အ​ဘယ်​သို့​ကြိုး​စား လုပ်​ဆောင်​ကြ​သည်​ကို​လည်း​ကောင်း၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​အ​ဘယ်​သို့​မျှော်​လင့် ၍​တည်​ကြည်​ကြ​သည်​ကို​လည်း​ကောင်း သ​တိ​ရ ၍​အ​စဉ်​ပင်​ကျေးဇူး​တော်​ကို​ချီး​မွမ်း​ကြ​၏။-

ငါ​သည်​နေ့​ညဥ့်​မ​ပြတ်​ဆု​တောင်း​ပတ္ထ​နာ​ပြု ရာ​တွင် သင့်​အား​အ​စဉ်​ပင်​အောက်​မေ့​သ​တိ​ရ လျက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​၏။ ငါ​သည်​ဘိုး​ဘေး​များ​နည်း​တူ​ကိုယ် တော်​၏​အ​မှု​တော်​ကို​ကြည်​လင်​သော​သြတ္တ​ပ္ပ စိတ်​နှင့်​ဆောင်​ရွက်​သူ​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ